💜Part (133)💜

2.6K 298 5
                                    

System created

                     💜133💜

        လော့ချုံးရွဲ သူ့ခါးကို ထပ်တိုးဖက်လိုက်တော့မှ ကျင်းယောင်းယွမ်တစ်ယောက် သူ့ရဲ့အတွေးကမ္ဘာကြီး ပျောက်ကွယ်ကာ လက်ရှိကမ္ဘာကို ပြန်ရောက်လာခဲ့၏။

"ကိုကိုဘာတွေ တွေးနေတာလဲ... ကျွန်တော့်အကြောင်းလား"
"အင်း...."

"တကယ်?"

       လော့ချုံးရွဲ ခေါင်းစောင်းကာ ဝမ်းသာလုံးစို့စွာနဲ့ မေးလိုက်တော့ သူ့နှုတ်ခမ်းက လေထုနွေးနွေးသည် ကျင်းယောင်းယွမ်နားရွက်ကို ပွတ်သပ်ကျီစယ်သွားရာ ကျင်းယောင်းယွမ်နားရွက်လေးမှာ ပိုလို့တောင် အရောင်တောက်လာသေးသည်။

"ကိုကို.... ကျွန်တော်အဲ့တုန်းက ပြောခဲ့တဲ့ စကားကို မှတ်မိတယ်ဆိုရင် "

        လော့ချုံးရွဲသည် ကျင်းယောင်းယွမ်ရဲ့ လက်မောင်းတို့ကို ဆုပ်ကိုင်၍ သူ့ဘက်ကို လှည့်ခိုင်းလိုက်သည်။ သူတို့နှစ်ယောက် ယှဥ်ရပ်လိုက်ရင် ကျင်းယောင်းယွမ်၏ အရပ်မှာ သိသိသာသာ ပုနေတာမို့ မျက်နှာချင်းဆိုင်လိုက်တော့ သူကမော့ကြည့်နေရသည်။

       လော့ချုံးရွဲ သူ့လည်ပင်းက လက်စွပ်နှစ်ကွင်းကို ဖြုတ်ယူလိုက်သည်။ သူဘာလုပ်မလို့လဲမသိတဲ့ ကျင်းယောင်းယွမ်က စူးစမ်းတဲ့ မျက်လုံးလေးနဲ့ ကြည့်နေ၏။ လော့ချုံးရွဲသည် လက်စွပ်တစ်ကွင်းကို ယူ၍ ကျင်းယောင်းယွမ်ကို တစ်ချက်ကြည့်လိုက်သည်။

"ကိုကို....."

       ငွေရောင်လက်စွပ်ဆီ ရောက်နေတဲ့ အကြည့်တွေက တဖြည်းဖြည်း လော့ချုံးရွဲမျက်လုံးဆီ ရောက်သွားသည်။ လော့ချုံးရွဲသည် ကျင်းယောင်းယွမ်လက်ကို သူ့ဘာသာဆွဲယူလိုက်သည်။

"အားချုံး.... မင်းဘာလုပ်မလို့လဲ"

        တစ်ဖက်လူက ဘာမှမပြော။ သူက ကျင်းယောင်းယွမ်ရဲ့ ဘယ်လက်က လက်ညှိုးလေးထဲ ငွေရောင်လက်စွပ်လေးကို တန်းတန်းမတ်မတ် ထည့်သွင်းလိုက်လေတော့သည်။ ငွေရောင်တောက်ပနေသော လက်စွပ်ကလေး သူ့လက်ပေါ် ရောက်ရှိသွားပြီ။

"အားချုံး...."
"ကျွန်တော်ကိုကို့ကို လက်ထပ်ချင်တယ် "

ကျင်းယောင်းယွမ် - "......."

System created (Completed)Where stories live. Discover now