💜Part (32)💜

5.1K 649 10
                                    

Unicode
System created

                       💜32💜

"မိန်းကလေးလား...."

       မေနန်းဟွား အံသြလွန်းလို့ မထိန်းနိုင်ဘဲ ပါးစပ်ကတိုးတိုးကလေး ထွက်သွားသည်။ အမျိုးသမီးဂိုဏ်းချုပ်ဆိုတာ ကျင့်ကြံခြင်းလောကမှာ မရှိသလောက် ရှားသည်လေ။ ရှိရင်လည်း ထိုသူဟာ ယောကျ်ားတွေနဲ့တန်းတူ သန်မာသူပဲ ဖြစ်လိမ့်မည်။

        လဲ့ကျီကတော့ အစကတည်းက ဇာမဏီဂိုဏ်းချုပ်ကို မြင်ဖူးပြီးသားမို့ ထွေထွေထူးထူး ဂရုမစိုက်နေဘဲ ချပေးထားတဲ့ သေရည်ကိုသာ အေးအေးလူလူ ငှဲ့သောက်နေ၏။

"အရှင့်သား သူ့ကိုမကြည့်တော့နဲ့"
"ငါမကြည့်ပါဘူး"

       မေနန်းဟွားသည် သိုလှောင်ဆံထိုးကို ဖြုတ်ယူလိုက်သည်။

"အရှင့်သား ဘာလုပ်မလို့လဲ"
"အဆိပ်ငွေ့ကို ပတ်ထားတဲ့ အစီအရင်က လှုပ်ရှားနေတယ်"

"ဟင်"

        မေနန်းဟွားသည် ဘယ်သူမှမမြင်အောင် စားပွဲအောက်က သူ့လက်ဝါးထဲကို ဘူးလေးအား ထုတ်ယူလိုက်၏။ ဘူးလေးကို ရစ်ပတ်ချုပ်နှောင်ထားသော အစီအရင်စာလုံးများသည် မှိတ်တုတ်မှိတ်တုတ်ဖြင့် သူ့သခင်ကို တစ်ခုခုပြောချင်နေတဲ့ သိုင်းဝိညာဥ်လေး တစ်ခုလိုပင်။

        မေနန်းဟွားဘူးကို ပတ်ထားသော အစီအရင်သည် အထဲကအဆိပ်ဟာ အသုံးပြုသူနှင့် နီးကပ်လာလျှင် အချက်ပြနိုင်ရန်အတွက် သုံးသော အစီအရင်ပဲဲ ဖြစ်သည်။ မေနန်းဟွားကော လဲ့ကျီသည် စားသောက်ပွဲအတွင်း လာရောက်ကျသောလူများအား မျက်လုံးဖြင့် ဝှေ့ကြည့်လိုက်၏။

        ထိုစဥ် ဇာမဏီဂိုဏ်းချုပ်က မတ်တပ်ထရပ်ကာ။

"အားလုံး...... ဒါကျွန်မတို့ဂိုဏ်းက ဧည့်ခံတဲ့ စားသောက်ပွဲလေးပါ.... မနက်ဖြန်ကစပြီး ပြိုင်ပွဲတွေကို ကျင်းပတော့မှာဆိုတော့ အားလုံး ပင်ပန်းကြတော့မယ်.... အဲ့ဒါကြောင့် ဒီညစာက အားလုံးအတွက် အားရှိအောင် သိဒ္ဓိစွမ်းအင်ကြွယ်ဝတဲ့ အသားနဲ့ပြုလုပ်ထားတာပါ.... အားလုံး စားနိုင်ပါပြီ"

        သူမအသံဆုံးတော့ တပည့်များက အားရပါးရနဲ့ စစားကြသည်။ လဲ့ကျီသည် ပတ်ဝန်းကျင်ကို ဂရုတစိုက်လေ့လာရင်း ညစာကိုလည်း စားနေသည်။ မိမိအခန်းထဲအထိ ကျူးကျော်ပြီး အဆိပ်ခတ်သူဟာ ဘယ်သူလဲ သိချင်စိတ်ပြင်းပြလာသည်။

System created (Completed)Where stories live. Discover now