💜Part (22)💜

5.7K 771 10
                                    

Unicode
System created

                      💜22💜

       သူသည် မိမိဘာသာတွေးနေရင်း ပြုံးမိသွား၏။ ထိုအခိုက် ကျိုက်လဲ့ကျီက လက်တစ်ဖက်ထောက်ကာ သူ့အားငေးကြည့်နေလေတာကို သတိမထားမိဘဲ ရှိသည်။ တစ်ယောက်တည်း ဘာတွေပြုံးနေလဲ မသိပေမယ့် လှပတဲ့အပြုံးကို လဲ့ကျီအနေနဲ့ ဘယ်လိုလုပ် လက်လွှတ်ခံပါ့မလဲ။

       ခဏကြာမှ သူ့ကို တစ်ယောက်ယောက်ကတော့ စိုက်ကြည့်နေပြီဆိုတာကို သိလိုက်ရသည်။

"လဲ့ကျီ ဘာကြည့်နေတာလဲ"
"လှလို့"

"အာ အာ?"
"ဟဲဟဲ အရှင့်သား ဘာတွေတွေးနေတာလဲ... "

"ငါအဆိပ်ဖြေနိုင်တော့မယ်... မင်းရဲ့သိဒ္ဓိကျောက်အတွက် ကျေးဇူးပဲ... ဒါနဲ့ ဒီကျောက်ကြီးကိုတော့ မင်းပဲသိမ်းထားလိုက်နော်"
"ဟုတ်ကဲ့"

       ကလေးတစ်ယောက် မိဘစကားကို နာခံသွားသည့််နှယ် လဲ့ကျီဟာလည်း မေနန်းဟွားသိမ်းခိုင်းသည့် ရှေးဟောင်းသိဒ္ဓိကျောက်ကို သိမ်းထားလိုက်တော့သည်။ ထို့နောက် စောစောကအတိုင်း မေနန်းဟွားကို ဆက်ငေးနေလိုက်ပြန်၏။

       တစ်စုံတစ်ယောက်က စိုက်ကြည့်တာကို မကြိုက်သလို နေရခက်တဲ့ မေနန်းဟွားမှာ လဲ့ကျီ၏အကြည့်တွေကြောင့် မိမိ၏ခန္ဓာကိုယ်လေးပင် အရည်ပျော်ကျသွားမှာ ကြောက်လာမိသည်။ သူသည် ဝတ်ရုံလက်ကို တင်းတင်းဆုပ်လျက်။

"မင်း မင်း အဲ့လိုကြီး စိုက်ကြည့်မနေနဲ့လေ.... လုပ်စရာမရှိ ပြောစရာမရှိရင် ငါအရင်ဝင်အိပ်နှင့်တော့မယ်"

        သူသည် ကျိုက်လဲ့ကျီအနားကနေ ထ၍ ခုတင်ဆီကို အမြန်ပဲလျှောက်သွားသည်။ ဖိနပ်ရှည်ကိုချွတ်ပြီး ခုတင်ပေါ်တက်ကွေးနေလိုက်သည်။ ကျိုက်လဲ့ကျီသည် မေနန်းဟွားနေရခက်နေတဲ့ အကြောင်း နားလည်သွားတာမို့ လိုက်မသွားဘဲ ကောချွီကိုသာ အဝတ်နဲ့ သုတ်နေလိုက်တော့သည်။

        အမွှေးတိုင် တစ်တိုင်ကုန်သည့် အချိန်ရောက်မှ အခန်းမီးကိုမှုတ်ကာ မေနန်းဟွားဘေး ဝင်လှဲ၏။ မေနန်းဟွားမှာ ထိုအချိန်အထိ အိပ်မပျော်သေးဘဲ ကျိုက်လဲ့ကျီခုတင်ပေါ် တက်လာတာကိုလည်း သူသိသည်။

System created (Completed)Where stories live. Discover now