💜Part (62)💜

4.4K 555 17
                                    

Unicode
System created

                      💜62💜

"ငါ့အစ်မက သူ့သားကိုပဲ ပြန်လိုချင်တာပါ"
"ဘယ်လို?"

"ငါတို့အားလုံးက အခုငါတို့ရှေ့မှာ ရပ်နေတဲ့သူကို မေနန်းဟွားအစစ်လို့ မထင်ဘူး"
"မဖြစ်နိုင်တာ..... "

       လဲ့ကျီက ရယ်မောကာ ငြင်းဆိုသည်။

"စစ်သူကြီးနန်းက အရမ်းပဲနောက်တတ်တာလား စဥ်းစားဥာဏ်ပဲ မရှိတာလား ကျွန်တော်မပြောတတ်တော့ဘူး..... ဒီလိုဆို အရှင့်သားက မေနန်းဟွားအစစ် မဟုတ်ဘဲ တခြားတစ်ယောက်က ဝင်စားနေတယ်လို့ ပြောချင်တာလား"
"အမှန်ပဲ"

        လဲ့ကျီဆုပ်ကိုင်ထားတဲ့ မေနန်းဟွား လက်ချောင်းတွေ တဖြည်းဖြည်း အေးစက်လို့လာသည်။ သို့တင်မကသေး တသိမ့်သိမ့် တုန်ယင်နေ၏။ ကိုင်ထားမိတဲ့ လဲ့ကျီဟာလည်း မေနန်းဟွားတစ်ခုခု ဖြစ်နေပြီဆိုတာကို ခံစားမိသည်။

       လဲ့ကျီက အစကတော့ မယုံနိုင်တာမို့ စစ်သူကြီးနန်းကိုတောင် သရော်လိုက်သေးတာ ဖြစ်သည်။ စစ်သူကြီးနန်းက သူပြောတာမှန်ကြောင်း ထောက်ခံလိုက်သောအခါ သူ့မျက်နှာဟာလည်း တည်ငြိမ်သွား၏။

       ထိုစဥ် စစ်သူကြီးနန်းက သိဒ္ဓိကျောက်တစ်လုံးကို ထုတ်ယူလိုက်သည်။

"ဒါက မေနန်းဟွားရဲ့ဝိညာဥ်အစစ် ထွက်လာခဲ့တဲ့ သိဒ္ဓိကျောက်ပဲ"

        သူတို့အားလုံး၏ အကြည့်များက စစ်သူကြီးနန်းလက်ထဲရှိ သိဒ္ဓိကျောက်ဆီ ရောက်သွားသည်။ စစ်သူကြီးနန်းက စကားဆက်ပြော၏။

"အစ်မကမှာလိုက်တယ်.... သူ့သားအစစ်ဆိုရင် ဒီကျောက်က သူ့သားကိုသူ့ဆီ ပြန်ခေါ်လာပေးမှာတဲ့"

        သူကပြောပြီး မေနန်းဟွားဘက်ကို လှည့်လိုက်သည်။ မေနန်းဟွားမှာတော့ အလွန်အမင်း ထိတ်လန့်တုန်လှုပ်ကာ အနောက်ကို ခြေတစ်လှမ်း ဆုတ်မိသွား၏။ လဲ့ကျီကတော့ စစ်သူကြီးနန်းလက်ထဲက အရောင်မဲ့သိဒ္ဓိကျောက်ကိုသာ စိုက်ကြည့်နေသည်။

        အရောင်မဲ့သွားတဲ့ သိဒ္ဓိကျောက်မျိုးသည် နှစ်သိန်းချီသိဒ္ဓိကျောက်မှ စွမ်းအင်စိတ်ဝိညာဥ် ထွက်သွားလို့ အရောင်မရှိတော့ဘဲ အကြည်ရောင်ကျောက်သားသာ ကျန်ခဲ့ရစ်သော အရာဖြစ်သည်။ အကယ်၍ သိဒ္ဓိကျောက်၏ စိတ်ဝိညာဥ်က သိဒ္ဓိကျောက်ကို ပြန်ထိတွေ့လိုက်ရင် သူတို့နှစ်ခု ပေါင်းစည်းသွားလိမ့်မည်။

System created (Completed)Where stories live. Discover now