💜Part (115)💜

2.9K 329 1
                                    

System created

                      💜115💜

       စုန်ဟုန်းဟိုင် တောအုပ်ထဲကို လွင့်သွားသည်နှင့် တစ်ပြိုင်နက် အနီရောင် တိမ်ထုကြီးသည်လည်း တရွေ့ရွေ့ လှုပ်ရှားလာကာ တိမ်ထုအပေါက်ကြီး တစ်ပေါက်ဖြစ်သွားသည်။ လဲ့ကျီ သိဒ္ဓိလက်ဝါးဖြင့် ထိုအစီအရင်ကြီး၏ ဖိအားကို ကာကွယ်လိုက်သည်။

        အစီအရင်ဖိအားက အားကောင်းပေမယ့် လဲ့ကျီကို နတ်ဘုရားအဆင့်ကို ထိုးဖောက်ထားသူကို လွယ်လွယ်နဲ့ အရှုံးပေးလာအောင် လုပ်လို့တော့မရ။ စုန်ဟုန်းဟိုင်တစ်ယောက်ကတော့ တောအုပ်ထဲကို လွင့်သွားလေပြီ။

        လေထုအလယ်မှာ ဘာတွေဖြစ်ပျက်နေလဲ သူမမြင်ရချေ။ လဲ့ကျီ ခေါင်းပေါ်က အနီရောင်တိမ်ထုသည် တဖြည်းဖြည်းနှင့် အစီအရင်စက်ကွင်းအဖြစ် ပြောင်းလဲသွားလေသည့် အခါတွင်တော့ သူ့ရင်ဘတ်က စူးအောင့်လာတော့သည်။

        လဲ့ကျီ နှုတ်ခမ်းကို တင်းတင်းစေ့၍သာ ခန္ဓာကိုယ်ထဲက စွမ်းအင်ဖြင့် ခုခံထားသည်။ လက်တစ်ဖက်က အပေါ်သို့မြှောက်လျက် ကာကွယ်ထားပြီး ကျန်တစ်ဖက်က ရင်ဘတ်ကို ကုတ်ထားရသည်မှာ သူ့ရင်ဘတ်က တော်တော်လေး အခြေအနေ ဆိုးရွားလာသလိုပင်။

"လဲ့ကျီ!!!!......."

        စုန်ဟုန်းဟိုင်၏ အသံနက်ကြီး တောနက်ထဲမှ ထွက်ပေါ်လာ၏။ လဲ့ကျီရဲ့စွမ်းအင်က အားကြီးလွန်းတော့ သူမရုန်းနိုင်ဘဲ တောအုပ်ထဲတွင် လူးလိမ့်နေရသည်။

'ဝုန်း!'

        ပထဝီမြေကြီးကို တုန်ခါသွားစေသော အရှိန်ဖြင့် လဲ့ကျီတစ်ယောက် ကောင်းကင်ထက်မှ ပြုတ်ကျလာသည်။ စုန်ဟုန်းဟိုင်နဲ့ မနီးမဝေး တစ်နေရာတွင် ဖြစ်၏။

"လဲ့ကျီ......"

"ဟုန်းအာ.... ဒီနားကို မလာနဲ့"

         လဲ့ကျီကိုကြည့်လိုက်တော့ ဒူးတစ်ဖက်က မြေပြင်ကိုထောက်လျက် အပေါ်က အစီအရင်စက်ကွင်းကို ကာကွယ်ထားရသည့်အကြား ရင်ဘတ်က နတ်ဆိုးသားရဲသွေး အဟုန်ဟာလည်း တဖြည်းဖြည်း မြင့်တက်လာသည်။ ထိုအခါ နာကျင်မှုက ပိုတောင်ဆိုးရွားလာ၏။

System created (Completed)Wo Geschichten leben. Entdecke jetzt