💜Part (118)💜

2.5K 311 1
                                    

System created

                      💜118💜

       ချဲအိုင်း အတွေးပေါက်သွားသည်။ ကျင့်ကြံခြင်းလောကမှာ ရှိတဲ့ ကျင့်ကြံသူတိုင်းက အရှေ့ပိုင်းနယ်မြေက လူတွေဆိုရင် နတ်ဆိုးသားရဲတွေကို သတ်ပြီး စွမ်းအင်လေ့ကျင့်ကြကြောင်း သိထားကြ၏။

        ထို့ကြောင့် စုန်ဟုန်းဟိုင် သူ့အားဤမေးခွန်းကို မေးလာခြင်း ဖြစ်မည်။

"ကျွန်တော်က ရိုးရိုးသာမန် ကျင့်ကြံသူတစ်ယောက်ပါ... ကျွန်တော့်မှာ မျိုးနွယ်ပိုင် ကျင့်ကြံရေးနည်းလမ်းကို ကျင့်ကြံဖို့ အရည်အချင်း မရှိပါဘူး "

        စုန်ဟုန်းဟိုင်က သူပြောတာကို နားထောင်ရင်း လဲ့ကျီအတွက် လက်ဖက်ရည်တစ်ခွက် ထပ်ငှဲ့ပေးလေသည်။ သူ့အတွက်သူ ငှဲ့ရင်း ချဲအိုင်းအတွက်ပါ ထပ်ငှဲ့ပေး၏။

"မနေ့က အနောက်ဘက်တောထဲမှာ အရှေ့ပိုင်းနယ်မြေက လူတွေပဲသုံးနိုင်တဲ့ အနီရောင်စက်ကွင်းကြီး ပေါ်လာတယ်... အဲ့ဒီစက်ကွင်းကြောင့် ကျွန်တော်မွေးထားတဲ့ သားရဲလေး ဒဏ်ရာရသွားတယ်"

        စုန်ဟုန်းဟိုင်သည် သူ့စကားအပေါ် အလွန်ယုံကြည်မှုရှိစွာ ဖြည်းဖြည်းမှန်မှန်နဲ့ ပြောပြလေသည်။ လဲ့ကျီသူ့အား မသိမသာ စောင်းငဲ့ကြည််၏။

("ကိုယ်ကမင်းရဲ့ သားရဲလေးလား")

        ချဲအိုင်း နည်းနည်းတော့ အပြစ်မကင်းသလို ခံစားသွားရသည်။ အဘယ်ကြောင့်မှာမူ အနောက်ဘက်တောမှာ သားရဲဖမ်းဖို့ စိတ်ကူးခဲ့သူက သူ့ညီမလေးပဲ ဖြစ်နေတာမို့။ သူသည် စုန်ဟုန်းဟိုင် ငှဲ့ပေးထားတဲ့ လက်ဖက်ရည်ကိုပင် သောက်နိုင်စွမ်း မရှိတော့ချေ။

        သူက သိုင်းသမားတို့ လုပ်ထုံးလုပ်နည်းအတိုင်း လက်နှစ်ဖက်ယှက်ကာ စုန်ဟုန်းဟိုင်အား ဂါဝရပြုလိုက်တော့သည်။ ရုတ်တရက်ကြီး အပြုအမူ ပြောင်းလဲသွားတဲ့ အပေါ်မှာ စုန်ဟုန်းဟိုင် အံ့သြမိသွားသည်။

"အဲ့ဒီအတွက် ကျွန်တော့်ဘက်က တကယ်တောင်းပန်ပါတယ် "

       သူဘယ်လောက်ပဲ လဲ့ကျီအတွက် ဒေါသထွက်နေတယ်ပြောပြော သူဆိုသည်မှာ အဆိုးနဲ့အကောင်းကို ခွဲခြားသိမြင်တဲ့ လူတစ်ယောက် ဖြစ်နေတုန်းလေ။ ချဲအိုင်းက နတ်ဆိုးသားရဲတွေကို သတ်တဲ့သူ မဟုတ်ဘူးဆိုရင် တစ်ခြားတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်သည်။

System created (Completed)Where stories live. Discover now