💜Part (120)💜

2.8K 311 1
                                    

System created

                      💜120💜

"အားယောင်း...."
"ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးပါ... "

         ဆိုပြီးနောက် သုံးကြိမ်သုံးခါ ကန်တော့လေတော့၏။ စုန်ဟုန်းဟိုင်မှာ ပြောစရာစကားပင် ပျောက်ရှသွားသည်။

"ရှစ်ဖူ....."

        ဒူးထောက် မော့ကြည့်နေတဲ့ ကလေးငယ်အား သူရယ်ချင်သွားသည်။ သူ့ဘာသာ ဦးချကန်တော့ပြီး သူ့ဘာသာ ဆရာတင်ပစ်လိုက်တာပဲ မဟုတ်လား။

"ကောင်းပါပြီ ကောင်းပါပြီ... ငါမင်းကို လက်ခံပါ့မယ် အခုတောင်အောက်ဆင်းမလို့ လိုက်မယ်မလား"
"ဟုတ်ကဲ့ ရှစ်ဖူ"

        ကျင်းယောင်းယွမ် ချက်ချင်းထကာ သွတ်လတ်တတ်ကြွတဲ့ ကလေးလေးအဖြစ် ပြောင်းလဲသွားသည်။ သူက လိုအပ်သော ပစ္စည်းများကို သိုလှောင်လက်စွပ်ထဲ ကောက်ထည့်ပြီး စုန်ဟုန်းဟိုင်နောက် ပြေးလိုက်လာခဲ့လေသည်။

        ဆရာတပည့်နှစ်ယောက် အဖြူရောင် ပဝါစတို့ကို မျက်နှာတွင်ဖုံးကွယ်ကာ တောင်အောက်က သေးငယ်သည့် ရွာကလေးဆီ ထွက်လာခဲ့သည်။ ကျင်းယောင်းယွမ်က အရမ်းငယ်သေးတဲ့ ကလေးပေမယ့် သူ့ရဲ့ဥာဏ်ရည်ကတော့ အသက်၁၀အရွယ် ကလေးတစ်ယောက်လို ဖွံ့ဖြိုးနေပြီ ဖြစ်သည်။

        သူ့ရဲ့ကုသခြင်းကျင့်စဥ်ကလည်း အဆင့်တစ်ကို ချိုးဖောက်ပြီးပြီ ဖြစ်ကာ မြောက်များလှစွာသော ဆေးပင်များ၏ အမည်နဲ့ အသုံးပြုပုံများကိုလည်း သိကျွမ်းနေလေပြီ။ စုန်ဟုန်းဟိုင်၏ ပိုးပဝါဖြူကို စီးနင်းလျက် မီးခိုးတလူလူ ထွက်နေသည့် ရွာကလေးဆီ ရောက်လာခဲ့သည်။

       ရွာကလေးက ဆင်းရဲချို့တဲ့သည့် မိသားစုလေးများသာ စုပေါင်းနေထိုင်ကြသည့် ရွာကလေးဖြစ်လေသည်။ စုန်ဟုန်းဟိုင် ရွာကလေးထဲ ဝင်ဝင်ချင်း ရွာလယ်တွင် ဆင်းရဲသားတစ်စု ဝိုင်းအုံနေတာကို တွေ့လိုက်ရ၏။

"ရှစ်ဖူ အဲ့ဒီမှာလူတွေ အုံနေတယ်... တစ်ခုခုဖြစ်နေတယ် ထင်တယ်"
"မိစ္ဆာအနံ့ရတယ်"

"ဟင်?"

"အား........"

        ရုတ်တရက် လူအုပ်ကြီးထဲမှ လူတစ်ယောက် လွင့်ပျံလာလေသည်။ စုန်ဟုန်းဟိုင် အလင်းတစ်ချက် ပွင့်သွားပြီး ပိုးပဝါစဖြင့် ထိုလူကို လှမ်းဖမ်းထားလိုက်သည်။ လွင့်လာသူသည် အသက်၅၀အရွယ် လူကြီးတစ်ယောက်ဖြစ်၏။

System created (Completed)Where stories live. Discover now