💜Part (4)💜

9.7K 992 7
                                    

Unicode
System created

                    💜4💜

"အရှင့်သား ဘာဖြစ်လို့လဲ "
"ဟို....."

        မြင်းတစ်ကောင်တည်းကို ယောကျ်ားလေးနှစ်ယောက် အတူတူတက်စီးဖို့ဆိုတာက မခက်ခဲသော်လည်း အနေအထားက ကြည့်ကောင်းနေတာမှ မဟုတ်တာ။ သူ့အနေနဲ့ဆိုရင် ရှက်ဖို့ကောင်းသည်။

       သူက ကျိုက်လဲ့ကျီရဲ့အရှေ့မှာပဲ စီးစီး၊ အနောက်မှာပဲစီးစီး လုံးဝကြည့်မကောင်းပါ။ အဲ့တာက မိန်းမပျိုလေးတွေကို တင်ဆောင်သွားတဲ့ ပုံစံမျိုးကြီးလေ။ ကံကမကောင်းချင်တော့ သူကမြင်းမစီးတတ်ပေ။

       Systemက မစ်ရှင်မပေးခဲ့ရင်တောင် သူကတော့ ကျိုက်လဲ့ကျီနဲ့ မြင်းတစ်ကောင်တည်း စီးရအုံးမှာပဲ။

"နှစ်ကောင်မယူနဲ့"
"ဟင်...."

"ငါ "

       မေနန်းဟွား တဖြည်းဖြည်း ခေါင်းငုံ့သွား၏။ စကားကပြောမထွက်ပေ။

"ငါ ငါမင်းနဲ့အတူစီးမယ်"
"အရှင့်သား...."

       ကျိုက်လဲ့ကျီအသံသည် အလိုမကျခြင်းမဟုတ်ဘဲ အံသြခြင်းနှင့် ပျော်ရွှင်မှုတို့ရောယှက်နေသော အသံငယ်လေး ဖြစ်သွားသည်။ မေနန်းဟွားနဲ့ မြင်းအတူတူစီးဖို့ဆိုတာ သူ့အနေနဲ့ အိမ်မက်တောင် မမက်ခဲ့ဖူးသည့် ကိစ္စပင်။

       မေနန်းဟွားက ပြောပြီးသည်နှင့် ရှက်လို့ထင်ပါရဲ့ ချက်ချင်းမျက်နှာလွှဲ၍ ခမောက်ပေါ်လှန်တင်ထားသော ပဝါစကို ချထားလိုက်သည်။ ကျိုက်လဲ့ကျီ သူ့ကိုသဘောကျနေတာ သူသိသည်လေ။ မိမိကို သဘောကျနေသူဆီမှာ ယခုလိုတွေပြုမူနေရတာ ရှက်စရာကောင်းသည် မဟုတ်ပေလား။

       နေပူထဲ မထွက်နိုင်သော အဆိပ်ကြောင့်ဟာ မဟုတ်ရင် မစ်ရှင်တွေကိုလည်း သူလျစ်လျူရှူထားမိမှာပဲ။ ကျိုက်လဲ့ကျီက သူပြောတဲ့အတိုင်း မြင်းတစ်ကောင်ကိုသာ ထုတ်ယူလိုက်သည်။ မြင်းတွေထဲက အသန်မာဆုံးသော မြင်းကိုယူပြီး ပြန်အလာတွင် မေနန်းဟွားက စောစောကအတိုင်း ရပ်နေဆဲဖြစ်ကြောင်း တွေ့ရ၏။

"အရှင့်သား...."
"ဟင်!"

       မေနန်းဟွား ထိတ်လန့်သွားသည်။

System created (Completed)Where stories live. Discover now