💜Part (24)💜

5.7K 724 6
                                    

Unicode
System created

                       💜24💜

        ကျင့်ကြံခြင်းလောကတွင်တော့ ယောကျ်ားလေးနဲ့မိန်းကလေးမှလို့ မရှိဘဲ မိန်းကလေးချင်း၊ ယောကျ်ားလေးချင်း စသည်ဖြင့် စုံတွဲကျင့်ကြံခြင်း ဆောင်ရွက်နိုင်သည်။ ယခုသူတို့ကို ကြည့်သောသူတွေဟာလည်း သူတို့အား စုံတွဲကျင့်ကြံသူဟု ထင်နေပုံပင်။

        သူတို့နှစ်ယောက်သည် လူတစ်ယောက်မှ မရောက်ကြသေးဘဲ ဆိုင်ရှင်လင်မယားနှစ်ယောက်သာ ရှိသော ဆိုင်ငယ်လေးဆီ ရောက်လာခဲ့၏။ လဲ့ကျီသည် မေနန်းဟွားအတွက် အရင်ဆုံးနေရာပေးပြီးမှ သူကထိုင်လေသည်။

"ဆိုင်ရှင်..... ပေါက်စီတစ်ပွဲချပေးပါ ပြီးတော့ မနက်စာဘာရသေးလဲ"
"ဒီနေ့တော့ တို့ဟူးမရသေးပါဘူး"

       အနားကိုရောက်လာတဲ့ ဆိုင်ရှင်အမျိုးသားက ဆိုလေသည်။ အသံက အနည်းငယ်တုန်နေလို့ သူတို့နှစ်ယောက်လုံး မော့ကြည့်လိုက်သောအခါ၌ နီရဲနေတဲ့ မျက်လုံးတွေနဲ့ တွေ့လေ၏။

        မျက်နှာလည်း မကောင်းပေ။ လင်မယားနှစ်ယောက်လုံး မျက်နှာမကောင်းကြတာကို မြင်သောအခါ ကျိုက်လဲ့ကျီလည်း တစ်ခုခုကို သိချင်သွားတာနဲ့ မေးလိုက်သည်။

"ဦးလေး.... တစ်ခုခုဖြစ်လို့လား"

       ဆိုင်ရှင်အမျိုးသားက ခေါင်းထောင်ကြည့်လာသည်။ သူတို့နှစ်ယောက်ကို တစ်လှည့်စီကြည့်ပြီးနောက် စားပွဲပေါ်မှာချထားတဲ့ ကောချွီကို ကြည့်လာပြန်၏။ ပြီးမှ သူ့မျက်လုံးတွေဟာ မျှော်လင့်ချက်ရောင်ခြည်များ ဖြတ်သန်းလာကာ ကျိုက်လဲ့ကျီတို့အနားတွင် ထိုင်လိုက်တော့သည်။

"သခင်လေးတို့က အထက်ပိုင်း ကျင့်ကြံသူတွေလား"
"ဟုတ်ပါတယ်.... ကျွန်တော်က ကြိုးကြာတောင်မြင့်ဂိုဏ်းကပါ သူကရေပြာတောင်ဂိုဏ်း"

"နာမည်ကြီး ဂိုဏ်းတပည့်တွေကိုး.... သခင်လေး ဦးလေးကိုကူညီပါ ဦးလေးရဲ့သမီး ပြန်မလာတာ သုံးရက်ရှိပြီ.... တောထဲမှာလည်း မတွေ့ ဒီမြို့မှာလည်း ရှာမတွေ့ဘူး"

       ဆိုင်ရှင်အမျိုးသားက ပြောရင်းပြောရင်း မျက်ရည်များဝဲလာတော့သည်။

System created (Completed)Where stories live. Discover now