Unicode
System created💜60💜
"အရှင့်သား....."
သူလဲ့ကျီထံ ပြေး၍
"မင်း မင်းဘာဖြစ်သွားသေးလဲ"
"ဟင့်အင်း""ဖြစ်တာကငါပါ မေနန်းဟွား.... ငါပါ နင်ကငါ့ကိုမမေးဘဲ ကျစ်... သူ့ကိုသွားမေးနေတယ်"
အိပ်ရာပေါ်က ချီလျန်ဟွက နှုတ်ခမ်းဆူကာ ပြောလာတော့မှ မေနန်းဟွားမှာ မိမိအပြုအမူက ပိုကဲလွန်းနေပြီမှန်း သတိရသွားတော့သည်။ သူက ချီလျန်ဟွဘက်လှည့်ကာ။
"မင်းဘယ်လိုလုပ် ဒဏ်ရာရသွားတာလဲ.... အဆင်ပြေရဲ့လား"
"အွန်း ပြေပါတယ်.... ""အရှင့်သား.... သူနားပါစေ ကျွန်တော်တို့သွားရအောင်"
"အင်း"လဲ့ကျီမှာ တစ်နေကုန် ပြေးလွှားတိုက်ခိုက်ရတာ ပင်ပန်းနေပြီဖြစ်သော်လည်း မေနန်းဟွားကို ပြန်မြင်လိုက်ရသောအခါ ပင်ပန်းတာတွေက ယူပစ်သလိုပဲ ပျောက်ကင်းသွားသည်။ ဂိုဏ်းတပည့်တွေ ဟိုဟိုဒီဒီ လျှောက်သွားနေတာတောင် လဲ့ကျီက မေနန်းဟွားလက်ကို အလွတ်မပေးဘဲ ဆုပ်ကိုင်ထား၏။
သူတို့နှစ်ယောက် တောင်စွန်းက သစ်ပင်ဆီကို ရောက်လာခဲ့သည်။ လရောင်ကတော့ ယမန်နေ့ကအတိုင်း ထိန်ထိန်သာလို့ သူတို့ချစ်သူနှစ်ဦးအတွက် ပါရမီဖြည့်ပေးနေသည်။ တစ်ယောက်လက်ကို တစ်ယောက် မလွှတ်တမ်း ဆုပ်ထားရင်း အပြုံးတွေ ဖလှယ်မိသည်။
"အရှင့်သား..... ကျွန်တော်တို့ လက်ထပ်ကြမလား"
"ဟင် .... အခုလား"လဲ့ကျီက နွေးထွေးစွာ ပြုံးပြလာ၏။ လဲ့ကျီဂိုဏ်းချုပ်နေရာ ရသွားတဲ့အခါ သူနဲ့လဲ့ကျီ လက်မထပ်ရဘဲ ဒီအတိုင်း နေသွားရမှာကို ကြောက်နေသူက မေနန်းဟွားကိုယ်တိုင်ပဲလေ။ ထို့ကြောင့် လဲ့ကျီကလက်ထပ်ဖို့အကြောင်း မေးလာတော့ ဝမ်းသာအားရနဲ့ အခုပဲလားဟု မေးမိသွားသည်။
မေးပြီးမှ မိမိအပြုအမူက အရမ်းကလေးဆန်နေကြောင်း သိလိုက်ရ၏။ မေနန်းဟွား ခေါင်းငုံ့ပေမယ့် နောက်ကျသွားပြီ။ လဲ့ကျီက လက်ညှိုးလက်မသုံးကာ သူ့မေးဖျားကို ဆွဲမော့လာသည်။
YOU ARE READING
System created (Completed)