Unicode
System created💜26💜
သူတို့နှစ်ယောက် မိန်းကလေးကိုနှုတ်ဆက်လိုက်သည်။ လင်းမိန်းကလေးကလည်း ယဥ်ကျေးသိမ်မွေ့စွာ လက်နှစ်ဖက်ထပ်လျက် သူတို့ကိုပြန်၍ ဂါဝရပြု၏။ အိမ်တော်ကြီး၏ အပြင်ဘက်ရောက်သည်နှင့် လင်းလင်ပြောပြသော ပန်းချီဆေးများရောင်တဲ့ ဆိုင်ဘက်ကို လျှောက်လာခဲ့သည်။
လမ်းတစ်ဝက်တွင် လဲ့ကျီက သူ့လက်ကိုဆွဲ၍ ဆိုင်တစ်ဆိုင်ထဲ ဝင်သွားတာကြောင့် မေနန်းဟွားမှာ ကြောင်တောင်တောင်လေးနဲ့ လိုက်ရပြန်ပြီလေ။ သူ့ကိုခေါ်ဆောင်သွားတဲ့ ဆိုင်ကတော့ အလှမျက်နှာဖုံးတွေကို ရောင်းချတဲ့ ဆိုင်ပဲဖြစ်သည်။
"လဲ့ကျီ ဘာလုပ်မလို့လဲ"
"အရှင့်သားအတွက် မျက်နှာဖုံးတစ်ခုလောက် ဝယ်ပေးမလို့လေ""ငါ့အတွက်?.... ငါတပ်ရမှာလား"
"အင်းပေါ့""ဘာလို့လဲ.... မျက်နှာဖုံးကြီး ငါမတပ်ချင်ဘူး "
"မရဘူး.... အရှင့်သားကို တစ်ယောက်ပြီးတစ်ယောက် မှတ်မိနေမှာကို ကျွန်တော်မလိုချင်တော့ဘူး ""အာ?..... အဲ့ဒါဆို အရမ်းအကြီးကြီး မဝယ်နဲ့"
"အင်း....."မေနန်းဟွားက သဘောတူသွားတော့မှ လဲ့ကျီက ကလေးတစ်ယောက်လို ပြုံးပြလာ၏။ မေနန်းဟွားမှာလည်း အနှီဇာတ်လိုက်ကြီးကို ဘယ်လိုလုပ်ရမှန်းတောင် မသိတော့ပါ။ သဝန်တိုတတ်လွန်းသည်။
လဲ့ကျီ ရွေးလိုက်တဲ့ မျက်နှာဖုံးက မျက်လုံးနှစ်ဖက်ကိုသာ ဖုံးကွယ်ထားပေးမယ့် မျက်နှာဖုံးဖြစ်ပြီး ရွှေရောင်ကွပ်ထားတဲ့ အနားတွေနဲ့ဖြစ်သည်။ လဲ့ကျီက ဆို၏။
"ဆိုင်ရှင် ဒါကဘယ်လောက်လဲ"
"ဟားဟား သခင်လေးက တကယ်ရွေးတတ်တာပဲ... အဲ့တာ သိဒ္ဓိကျောက်နဲ့လုပ်ထားတဲ့ မျက်နှာဖုံးလေ မျက်နှာဖုံးတပ်ထားရင် ရင်းနှီးနေတဲ့သူတောင် ကိုယ့်ကိုမှတ်မိဖို့ ခက်ခဲသွားပြီ""ဟုတ်လား.... ဒါဆို ကျွန်တော်စမ်းပြီး တပ်ကြည့်လို့ရမလား"
"ရပါတယ် ရပါတယ် "ကျိုက်လဲ့ကျီ မေနန်းဟွားဘက်သို့ လှည့်လိုက်သည်။
"အရှင့်သား စမ်းပြီးတပ်ကြည့်ရအောင်"
"အင်း"
YOU ARE READING
System created (Completed)