💜Part (39)💜

4.8K 623 6
                                    

Unicode
System created

                       💜39💜

       လဲ့ကျီက ယင်းလုံအနားလျှောက်လာ၍ ပြောလိုက်သည်။

"ထိုင်လိုက်ပါ.... "
"ဟုတ်ကဲ့"

        မေနန်းဟွားက နောက်ထပ် ခုံတစ်လုံးကို ဆွဲယူမည်အပြင် ပရိတ်သတ်များထဲတွင် သူ့ကိုရွှန်းရွှန်းစားစား စိုက်ကြည့်နေသော မျက်လုံးတစ်စုံကို တွေ့လိုက်ရလေသည်။ သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားသော် တစ်ဖက်လူက ပြုံးပြလာ၏။

("ခရမ်းရောင်မျက်လုံး..... သူလား")

        ဆံပင်တစ်ခြမ်းကို ကျစ်စမြီးလေး ကျစ်ထားသည့် တစ်ဖက်ကလူသည် မေနန်းဟွားဆီကနေ သူ့အကြည့်ကို လုံးဝခွဲခွာမသွားပေ။ ခရမ်းရောင်တောက်နေသော ထိုမျက်လုံးများထဲတွင် မေနန်းဟွားကို သတ်ဖြတ်ချင်သည့် အရိပ်အယောင်တို့ ကိန်းဝပ်မနေချေ။

        ထိုအကြည့်တွေကြောင့်သာ မဟုတ်ရင် မေနန်းဟွားတစ်ယောက် သူ့မှာရန်သူတွေ တိုးလာပြန်ပြီလားဟု တွေးမိတော့မှာပင်။

["ဇာတ်ကောင်အသစ် ရှာဖွေခြင်း အောင်မြင်တဲ့အတွက် လူကြီးမင်းကို ပွိုင့်၅၀၀ ထပ်ပေးလိုက်ပါပြီ.... လူကြီးမင်း၏လက်ရှိပွိုင့် ၁၆၀၀"]

("တကယ်ပဲ သူကိုး....")

'ဝွီ......'

       ထိုင်ခုံနောက်တစ်လုံးကို ဆွဲယူပြီး ယင်းလုံ၏ရှေ့တွင် ချလိုက်သည်။ ဘာလုပ်ရမလဲ နားလည်သော ယင်းလုံက ထိုင်ခုံပေါ်သို့ ကပ်ပါးပိုးကပ်နေသော သူမခြေထောက်တစ်ဖက်ကို တင်ထားပေး၏။

       လဲ့ကျီ လက်မြှောက်မည်အပြု အောက်ဘက်ဆီမှ လီချူး၏အသံက ထွက်လာလေသည်။

"မင်းဘာတွေ ပြဿနာရှာအုံးမလို့လဲ.... ဒါမှမဟုတ် မင်းပြဇာတ်ကနေတာလား ဒီနေရာက ပြိုင်ပွဲနော် ဇာတ်စင်မဟုတ်ဘူး "
"ငါသိပါတယ် "

       လဲ့ကျီသည် ခါးထောက်ကာဖြင့် စင်အောက်ကနေ လက်ပိုက်ကြည့်နေတဲ့ လီချူးဘက်ကို လှည့်၏။

"ဟုတ်တယ်.... ငါတကယ် ပြဿနာအကြီးကြီးရှာမလို့.... ပြောလို့မရဘူး ဒီပြဿနာက မင်းတို့နဲ့လည်း ပတ်သက်ချင် ပတ်သက်နေမှာ အဲ့တော့ မင်းခဏစောင့်ကြည့်နေလိုက်"
"ကောင်းပြီ ငါစောင့်ကြည့်နေမယ်"

System created (Completed)Where stories live. Discover now