Unicode
System created💜93💜
လဲ့ကျီသည် သူဆုပ်ကိုင်ထားတဲ့ လက်ကလေး တုန်သွားတာကြောင့် ချက်ချင်းပဲ လှည့်ကြည့်လိုက်ရာ စုန်ဟုန်းဟိုင် ရင်ဘတ်ရှေ့နားလောက်တွင် ဝဲပျံနေတဲ့ အပြာရောင်အလင်းတန်းတစ်ခုကို တွေ့ရလေသည်။
"ဟုန်းအာ.... သတိထား...."
လဲ့ကျီ ကောချွီကိုထုတ်ရန် အသင့်အနေအထား ဖြစ်သွားသောအခါ စုန်ဟုန်းဟိုင် သူ့ကိုတားလိုက်သည်။
"သူက system...."
"System?... ""အင်း....ကြည့်ရတာ systemက မင်းကိုကိုယ်ထင် ပြတာထင်တယ်... ခဏလေးနော်"
စုန်ဟုန်းဟိုင် ပြန်လှည့်၍ ထိုဝဲပျံနေတဲ့ ဖလင်ပြားပေါ်က မစ်ရှင်ဟူသည့် နေရာကို နှိပ်လိုက်သော် အသံတစ်သံက ထွက်ပေါ်လာသည်။
["အဖိုးတန် မီးတောက်ပန်းကို ရှာဖွေပြီး ပွိုင့်ရယူပါ"]
"မီးတောက်ပန်း?"
"မီးတောက်ပန်း?"နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ systemကတော့ ပျောက်သွားပြီဖြစ်ပြီး သူတို့နှစ်ယောက်သာ ခေါင်းရှုပ်လျက် ကျန်နေခဲ့၏။
"ဘယ်က မီးတောက်ပန်းလဲ.... ကိုယ်တော့ တစ်ခါမှမကြားဖူးဘူး"
"ငါရောပဲ... ဘာပဲဖြစ်ဖြစ် ရှာကြရအောင် systemကပြောတယ်ဆိုတော့ သေချာပေါက် ဒီနားမှာ ရှိလို့ပဲ ဖြစ်မှာ""ကောင်းပါပြီ.... မီးတောက်ပန်း မီးတောက်ပန်း.... မကြားဖူးဘူး "
လဲ့ကျီ လျှောက်ရွတ်နေသော်လည်း စုန်ဟုန်းဟိုင်နဲ့အတူ ထိုပန်းကို လိုက်ရှာကြည့်နေသည်။ မကြားဖူးသလို ပုံပန်းသဏ္ဍာန်လည်း မသိတော့ ရှာရတာခက်သား။ ဒီကြားထဲ အနီရောင်ပန်းတွေကို ထိခိုက်မိမှာစိုး၍ စုန်ဟုန်းဟိုင်က ခဏခဏ သတိလှမ်းပေးရသေးသည်။
ဤမြေညီတောင်တွင် လဲ့ကျီအတွက် လိုအပ်တဲ့ဆေးပင်တွေကို အကုန်လုံးတွေ့ရကာ အားလုံးက မပျက်စီးသေးဘဲ လန်းဆန်းနေဆဲပင်။ ဆေးပင်တွေကိုကြည့်ပြီး စုန်ဟုန်းဟိုင် မကြာခဏ ပြုံးနေမိသည်။
နှစ်ယောက်သား မတူသော ပန်းတွေကို ခူးဆွတ်ပြီး ဆေးပင်များအလယ်တွင် နားနေရန်အတွက် ဆောက်ထားသော အဆောင်သေးသေးလေးဆီ ရောက်ခဲ့သည်။ system ဆိုတဲ့ဟာကြီးက ဘာကြောင့်များ ဒီပန်းကိုရှာခိုင်းနေသလဲ လဲ့ကျီတော့ နားမလည်တော့ပါ။
YOU ARE READING
System created (Completed)