💜Part (11)💜

7K 831 4
                                    

Unicode
System created

                      💜11💜

"လဲ့ကျီ တော်တော့...."

"မင်း...... ဖူ....."

       မိမိတို့ဘက်ကလူ ခံလိုက်ရသောအခါ စစ်ချွန်းတောင်ထွတ်က လူငယ်များ တစ်ပြိုင်တည်း ပြေးထွက်လာကြပြီး လဲ့ကျီကို ဝိုင်းတိုက်ခိုက်ရန် ပြင်လိုက်၏။

"မလုပ်နဲ့...... "

       မေနန်းဟွား လဲ့ကျီရှေ့မှ ကာရပ်လိုက်သည်။

"မင်းတို့ တော်ကြတော့"

"မေသခင်လေး ကျွန်တော်တို့ရှစ်ရှုန်းက ခင်ဗျားနဲ့ တစ်ဝိုင်းလေးသောက်ချင်လို့ ဖိတ်ခေါ်တာကို ခင်ဗျားကဒီလို ပြန်ဆက်ဆံရလား "

"ဟုတ်တယ် မေနန်းဟွား....မင်းကိုမင်း ကျင့်ကြံခြင်းလောကရဲ့ပန်းတစ်ပွင့်ဆိုပြီး အရမ်းမြောက်ကြွမနေနဲ့ ငါတို့ဂိုဏ်းမှာလည်း မင်းထက်ချောတဲ့လှတဲ့သူတွေမှ အများကြီး.... ငါတို့ရှစ်ရှုန်းက မင်းကိုသဘောကျလို့သာ မဟုတ်ရင် မင်းအခုအသက်ရှင်မယ် မထင်နဲ့"

"ဟုတ်တယ် ဟေ့ ဟုတ်တယ်.... ပြီးတော့ ဟိုကောင် ကျိုက်လဲ့ကျီ မိဘကစွန့်ပစ်လို့ ကြိုးကြာတောင်မြင့်ဂိုဏ်းမှာ သောင်တင်နေတဲ့ကောင်ကများ ငါတို့ကိုရန်လာစရဲတယ်"

       တစ်ယောက်တစ်ပေါက် ပြောလာကြသောအခါ လဲ့ကျီက ထအော်တော့သည်။

"အဲ့တော့ ဘာဖြစ်လဲ.... တိုက်ချင်လို့လား လာလေ လာ....."

"တော်စမ်း!"

       သခင်ယောင်း ထွက်လာတော့မှ အားလုံးတိတ်ဆိတ်သွားသည်။ သခင်ယောင်းက ကျိုက်လဲ့ကျီကိုခေါ်ထုတ်သွားရန်အတွက် မေနန်းဟွားအား မျက်ရိပ်ပြလိုက်သည်။ မေနန်းဟွားလည်း ဂါဝရပြုပြီး လဲ့ကျီလက်ကိုဆွဲကာ ထွက်လာခဲ့၏။

       စစ်ချွန်းတောင်ဂိုဏ်းက တပည့်တပန်းတွေကတော့ ယဥ်ကျေးလာသော မေနန်းဟွား၏ အမူအရာများကြောင့် ထူးဆန်းအံ့သြနေကြသည်။ မေနန်းဟွားဆိုတာက တစ်စုံတစ်ယောက်ကို ဂါဝရပြုရင်တောင် စိတ်မပါလက်မပါဖြင့် ရွဲ့စောင်းတတ်တဲ့အမျိုးပင်။

       သူတို့နှစ်ယောက် အခန်းဆီ ပြန်ရောက်လာသောအခါ မေနန်းဟွားက လဲ့ကျီလက်ကိုလွှတ်၍ အခန်းထဲကို ဦးစွာလျှောက်သွားသည်။ လဲ့ကျီကို စကားမပြောတော့ချေ။ ထိုအခါ လဲ့ကျီသည် သူ့ကိုမေနန်းဟွား စိတ်ဆိုးသွားပြီထင်ကာ ခေါင်းလေးငုံ့နေ၏။

System created (Completed)Wo Geschichten leben. Entdecke jetzt