💜Part (70)💜

7.6K 713 55
                                    

Unicode
System created

                       💜70💜

        သိုင်းနတ်ဘုရားနှင့် စွမ်းအားကြီး မိစ္ဆာတို့၏ စွမ်းအင်နှစ်ခု ထိပ်တိုက်တွေ့ဆုံသောအခါ ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ လေပြင်းတစ်ချက်က အားလုံးကို ဘေးရောက်အောင် တွန်းထုတ်ပစ်တော့သည်။

        လူငယ်ခေါင်းဆောင်တွေ ဖြစ်တဲ့ ဖုန်းရွေ့တို့ ချီစန်းတို့ပင်လျှင် ဖြာထွက်လာသော စွမ်းအင်တွေကို မခုခံလိုက်နိုင်သောကြောင့် လွင့်ထွက်ကုန်ကြသည်။ လူတွေကော မိစ္ဆာတွေကော ဧရာမ ကျောက်ပြားချပ်ကြီးပေါ်မှာ မရှိတော့ပေ။

       ကျောက်ပြားပေါ်တွင် စွမ်းအင်လက်ဝါးချင်း ဖလှယ်နေသော လဲ့ကျီနဲ့ သိဒ္ဓိမိစ္ဆာသာ ကျန်ခဲ့သည်။ လဲ့ကျီခါးမှ ကောချွီပျံတက်လာပြီး သိဒ္ဓိမိစ္ဆာကို ရိုက်ထုတ်ပစ်သည်။ သိဒ္ဓိမိစ္ဆာကလည်း အလွန်လျင်မြန်စွာ ခုခံကာကွယ်လိုက်သော်လည်း လဲ့ကျီအစွမ်းက သူ့ကိုတွန်းထုတ်ပစ်နိုင်၏။

       ကိုယ်ဖော့သိုင်းဖြင့် ဂျွမ်းတစ်ချက်ထိုး ရှောင်ပေမယ့် သူ့ရဲ့လက်ဝါးကကော ကောချွီကြောင့် ဒဏ်ရာရသွားသည်။

"မင်း......"

        လဲ့ကျီသည် အားပြင်းလှသည့် စွမ်းအင်များကို ပြန်ရုတ်သိမ်း၍ လက်ချောင်းများကို အသာလှုပ်ရှားကာ အရောင်ကိုးရောင်ဖြင့် ကြိုးကိုးချောင်း ပြေးထွက်လာသည်။

"ကိုးရောင်ချုပ်အစီအရင်ပဲ!!"

        ဝတ်ရုံဖြူမိစ္ဆာသည် ကျောက်ပြားပေါ်သို့ ပြေးတက်လာပြီး သိဒ္ဓိမိစ္ဆာကို အပြင်သို့ တွန်းပစ်ကာ ကိုးရောင်ချုပ်အစီအရင်နဲ့ သိဒ္ဓိမိစ္ဆာကိုယ်စား ဝင်ခံလိုက်တော့သည်။

"ပြေးတော့...... သခင်......."
"ပိုင်ရီ............"

        ငယ်သားမိစ္ဆာများ သိဒ္ဓိမိစ္ဆာကို အဝေးသို့ ဆွဲခေါ်သွားပြီး ခဏအတွင်း ပျောက်ကွယ်သွားသည်မှာ လီချူးတို့ အနောက်ကနေ ချက်ချင်းလိုက်တာတောင် မမိလိုက်ပေ။ သို့သော် သူတို့လက်မလျှော့ပါ။

        သိဒ္ဓိမိစ္ဆာက ဒဏ်ရာရသွားတာကြောင့် ဝေးဝေးကို ထွက်ပြေးနိုင်သေးမှာ မဟုတ်လို့ အမိလိုက်ဖမ်းရန် ဓားပျံများဖြင့် ထိုထဲတွင် လဲ့ကျီလည်းပါသည်။ လဲ့ကျီသည် အသက်မရှိတော့တဲ့ ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲ ပွေ့ထားရင်း သိဒ္ဓိမိစ္ဆာနောက်ကို ဒေါသတကြီးနဲ့ လိုက်သည်။

System created (Completed)Where stories live. Discover now