💜Part (111)💜

3.3K 405 3
                                    

System created

                       💜111💜

"ဦးလေးစုန်.... ဒါ အဆင့်၈ စာအုပ်ကြီး"
"ဟုတ်တယ်.... သားက ကုသရေးနည်းလမ်း ကျင့်ကြံခြင်းလမ်းစဥ်မှာ ပါရမီပါတယ်... သားကဒီအရွယ်မှာပဲ အဆင့်၁ကို ကျော်ဖြတ်ပြီးပြီလေ"

"ဒါပေမယ့် ဒါပေမယ့်... ဦးလေးစုန် ဒီစာအုပ်က တန်ဖိုးကြီးလွန်းတယ် "
"ဟုတ်တယ်.... အဲ့ဒါကြောင့် အားယောင်းကို ပေးတာပေါ့.... သိုင်းလောကက ပိုရှုပ်ထွေးလာသလို ပိုလည်းအန္တရာယ်များလာပြီ ဒီအဆင့်၈ စာအုပ်က ဒီလောကမှာ ဒီတစ်အုပ်ပဲရှိတာ.... သားသေချာလေ့ကျင့်ရမယ်နော်"

"ဟုတ်"
"ကျန်တဲ့စာအုပ်တွေက ဒီတောင်ထွတ်မှာ ရှိပြီးသား.... အားယောင်း သေချာနားထောင်.... သားကြိုးစားရမယ်.... နောင်တစ်ချိန်မှာ သားက အားချုံးကို ထောက်ပံ့ပေးနိုင်တဲ့ လူတစ်ယောက် ဖြစ်အောင် လုပ်ရမယ်"

"စိတ်ချပါ... ဦးလေးစုန် ကျွန်တော်အားချုံးကို စောင့်ရှောက်မှာပါ"
"အင်း.... ကောင်းတယ် "

"ပါ့ပါး...."

        အသက်၃နှစ်အထဲ ဝင်လာပြီဖြစ်သော အားချုံးလေး စုန်ဟုန်းဟိုင်တို့ဆီ ပြေးလာသည်။

"အိုက်ယိုး....."

        စုန်ဟုန်းဟိုင်ရင်ခွင်ထဲ ခုန်အုပ်ဝင်လိုက်သည်။

"ပါ့ပါး.... သားကိုကော လက်ဆောင်မပေးဘူးလား"
"ပေးမှာပေါ့.... မကြာခင်ရောက်တော့မယ့် သားရဲ့မွေးနေ့အတွက် ပါးပြင်ဆင်ထားတယ်"

"ဘာလေးလဲ.... ပါးရဲ့ ကောင်းကင်ဘုံရတနာသိုက်ကြီးထဲက ရတနာလား"
"အာ?"

         စုန်ဟုန်းဟိုင် ခဏကြောင်သွားပြီးမှ အားချုံးပြောနေတာက system ဖြစ်နေမှန်း သတိရသွားသည့်အခါ အားချုံးကို ခေါင်းညိတ်ပြရင်း ပါးလေးကို ဖိနမ်းလိုက်၏။

"ပါ့ပါး.... ခမည်းတော် ဘယ်တော့ပြန်လာမှာလဲဟင်?"
"လာတော့မှာပါ သားရဲ့ခမည်းတော်က မကြာခင် ပြန်လာတော့မှာ"

        သူအားချုံးကို ထိုကဲ့သို့နှစ်သိမ့်သည့် အကြိမ်ပေါင်းမနည်းတော့ပေ။ အားချုံးက လဲ့ကျီကို သ​တိရတဲ့အကြောင်း တဖွဖွ ပြောတာကလွဲလို့ လဲ့ကျီကိုတွေ့ချင်ကြောင်း အတင်းအကျပ် မပူဆာချေ။ သူ့ပါ့ပါးကိုယ်တိုင်ကလည်း ထိုသူကို လွမ်းဆွတ်နေတယ်ဆိုတာ နားလည်မိသည်။

System created (Completed)Where stories live. Discover now