System created
💜145💜
လော့ချုံးရွဲ မျက်လုံးစုံမှိတ်၍ မန္တာန်တစ်ခု ရွတ်ဖတ်လိုက်သည်။ စားသောက်ပွဲ အခမ်းအနား စတင်သောအခါ ဧကရာဇ်ကပဲ မွေးနေ့ပွဲကို တတ်ရောက်ပေးသော အထူးဧည့်သည်ကြီးတွေကို လိုက်လံဧည့်ခံနေ၏။
ဘုရင်မကတော့ သူ့ရှေ့က လက်ဖက်ရည်ကို ပျင်းတိပျင်းရွဲ အရသာခံသောက်နေသည်။ သို့သော် သူမရဲ့နားနဲ့ အသိကတော့ အလုပ်လုပ်နေ၏။
{"ဘုရင်မ....."}
အသံတစ်သံ သူမနားထဲ ဝင်လာသောအခါ ဘုရင်မက ချက်ချင်း သတိချပ်သွားသည်။
("မင်းဘယ်သူလဲ")
{"ကျွန်တော်က ရှောင်မူချောင်ရဲ့ မိတ်ဆွေပါ"}("အားချောင်? အားချောင်မင်းနဲ့အတူ ပါလာတာလား.... မင်းက တိမ်လွှမ်းတောင်ထွတ်က တစ်ယောက်လား")
{"အဟက်.... ဘုရင်မက သတင်းကြားပြီးပြီကိုး ဟုတ်ပါတယ် ကျွန်တော်ပါ .... ရှောင်သခင်လေးက ကျွန်တော်နဲ့အတူ ပါလာပါတယ်... ဒါပေမယ့် ဘုရင်မက သူဘာဖြစ်ခဲ့သလဲဆိုတာကို သိရဲ့လား"}ဘုရင်မသည် အပြင်ပန်းက အေးအေးဆေးဆေး လက်ဖက်ရည် သောက်နေသော်လည်း ရင်ထဲမှာတော့ ပလောင်ဆူနေပြီ။ ရှောင်မူချောင်ရဲ့အမေ ရီရှစ်လန်က သူမရဲ့ ဝမ်းကွဲညီမလေး။ သူမသေသွားပြီးနောက် သူ့အတွက် ခင်တွယ်စရာမှာ ရီရှစ်လန်ထားခဲ့သည့် ကလေးနှစ်ယောက်သာ ရှိ၏။
ဘုရင်မသည် ရှောင်မျိုးနွယ်စုက ပို့လိုက်သော လျှိုဝှက်စာတစ်စောင်ကို မနေ့ညကမှ ရထားတာကြောင့် ရှောင်မူချောင် ကျိန်စာစည်းတံဆိပ်ရဲ့ ဗဟိုချက်အဖြစ် အသုံးချခံနေရကြောင်းကို သိထားပြီးပြီ ဖြစ်သည်။
("ငါသိပါတယ် ")
{"ကောင်းပြီ.... ရှောင်သခင်လေးက သူ့ကိုယ်သူ အနစ်နာခံပြီး ဗဟိုချက်မျက်လုံးကို ထုတ်လိုက်ပြီ ကျွန်တော်တို့ဒီကိုလာတာ အဲ့ဒီကျိန်စာကို ဘယ်သူစတင်ခဲ့သလဲ ဖော်ထုတ်မလို့ပဲ"}("ငါမင်းတို့ကို ဘယ်လိုကူညီရမလဲ?")
{"ဗဟိုချက်မျက်လုံးက သူ့သခင်ဆီကိုပဲ ဦးတည်ပြီးသွားလိမ့်မယ်.... ကျိန်စာစည်းတံဆိပ်ကို စတင်ခဲ့သူနဲ့ တွေ့တာနဲ့ ကျွန်တော်တို့ဘက်က စလှုပ်ရှားတော့မှာ ဘုရင်မက ရှောင်မူချောင်ကို ကာကွယ်ပေးရုံပါပဲ"}
YOU ARE READING
System created (Completed)