💜Part (131)💜

3.1K 301 4
                                    

System created

                      💜131💜

       စုန်ဟုန်းဟိုင်နဲ့ ဂိုဏ်းထဲက အကြောင်းအရာတွေကို ဆွေးနွေးပြီးနောက်ပိုင်းတွင် ကျင်းယောင်းယွမ်သည် ပွိုင့်သရဲလေးဖြစ်လာကာ တဖြည်းဖြည်းနဲ့ ရွှေသစ်ရွက် သရဲလေးအဖြစ်ပါ ကူးပြောင်းသွားလေသည်။

        ရှုပ်ထွေးသည့် လက်စည်းတံဆိပ်ပုံဆောင်ပြီး ကုသစွမ်းအင်များကို တစ်ဖက်လူဆီ မနှေးမမြန်သော အရှိန်ဖြင့် တွန်းပို့လိုက်သည်။ စွမ်းအင်များ ဝင်ရောက်သွားသည်နှင့် တစ်ဖက်လူသည် ခေါင်းထောင်ခါးမတ်လာ၏။

       အဆင့်၈ ဆေးသမားတော်ဆိုတာ နတ်ဘုရားအဆင့်ကို တက်လှမ်းတော့မယ့် ကျင့်ကြံသူနဲ့ အတူတူပဲ မလို့ တစ်ဖက်လူကို သိပ်တောင်ကုသစရာမလိုဘဲ ပြီးမြောက်သွားသည်။

["ကုသမှုအောင်မြင်တဲ့အတွက် ပွိုင့် ၅၀၀ ရရှိပါသည်... လူကြီးမင်း၏စုစုပေါင်းပွိုင့် ၅၅၀၀"]

       စုန်ဟုန်းဟိုင် ပြောပြဖူးသည်။ တစ်ချို့မစ်ရှင်တွေက လျစ်လျူရှူလို့ရတယ်ဟု။ အကယ်၍ မိမိမှာသာ ပွိုင့်တွေအများကြီး ရှိနေပြီဆိုရင် မလုပ်ချင်တဲ့ မစ်ရှင်တွေကို ကျော်သွားလို့ရပြီ။ ဥပမာဆိုရရင် ရှီအန်းက ပျောက်ဆုံးသွားဖူးတဲ့ လက်မှုပညာရှင်တွေအကြောင်းပင်။

      လက်မှုပညာရှင်တွေကို လဲ့ကျီမှ ပြန်ကယ်ထုတ်ရန် ကြိုးစားနေတဲ့ နောက်ပိုင်းမှာ စုန်ဟုန်းဟိုင်ဟာလည်း သူ့ရဲ့မစ်ရှင်တွေကို လျစ်လျူရှူခဲ့သည်။

       လေလံပွဲအချိန် နီးကပ်လာတဲ့အချိန်တွင် ကျင်းယောင်းယွမ် system ထဲ ခဏဝင်ကြည့်လိုက်သည်။ ထိုထဲမှ သူသဘောကျတဲ့ အရာတစ်ခုကို ရွေးထုတ်လိုက်ရာ နှစ်၂သောင်း သိဒ္ဓိကျောက် ဖြစ်နေသည်။ နှစ်၂သောင်း သိဒ္ဓိကျောက်က ဤလောကမှာ လက်ချိုးရေတွက်လို့ ရတဲ့အထိ ရှားပါးသွားပြီ။

       အဲ့ထက်မြင့်တဲ့ သက်တမ်းရင့် သိဒ္ဓိကျောက်တွေဆို ပိုတောင်အဖိုးတန်လိမ့်မည်။ ကျင့်ကြံသူတွေ သက်တမ်းရင့် သိဒ္ဓိကျောက်တွေကို ရှာဖွေရာတွင် သူတို့ရဲ့သက်တမ်း တစ်ဝက်လောက်သုံးပြီး လိုက်ရှာရင်တောင် မတွေ့ကြပေ။ သို့သော် ကျင်းယောင်းယွမ်ရဲ့ လျှိုဝှက်နယ်မြေ (system) ထဲမှာတော့ အမြောက်အများ ရှိသည်။

System created (Completed)Where stories live. Discover now