💜Part (71)💜

5.9K 637 29
                                    

Unicode

                       💜71💜

       သူ့မျက်ဝန်းတွေက သူ့ရှေ့ကလူကို ကြည့်နေပေမယ့် တစ်စုံတစ်ယောက်ကို နက်နက်နဲနဲ လွမ်းဆွတ်နေတယ်ဆိုတာ ဖြတ်သွားတဲ့သူက တစ်ချက်လှည့်ကြည့်ရုံနဲ့ သိနိုင်လောက်သည်။ လဲ့ကျီ ဒူးကွေးထိုင်၍ ရေကန်ထဲကို လက်ချောင်းတစ်ချောင်း နှစ်ထည့်လိုက်သည်။

        လက်ချောင်းကို ရေထဲတွင် တစ်ချက်နှစ်ချက် လှုပ်ရမ်းကြည့်နေ၏။

"ဟုန်းအာ.... မနက်ဖြန် ကိုယ်ချီစန်းကို ဂိုဏ်းချုပ်နေရာလွှဲပေးလိုက်တော့မယ်"

       ဟုန်းအာသာ အသက်ရှင်နေရင် ဘာဖြစ်လို့လဲလို့ သေချာပေါက် မေးမှာပင်။

"ဘာဖြစ်လို့လဲဆိုတော့ ဂိုဏ်းချုပ်နေရာမှာ နေရတာ အရမ်းအလုပ်ရှုပ်တယ်.... အလုပ်တွေရှုပ်နေရင် ကိုယ်မင်းကို လာမကြည့်နိုင်မှာ ကြောက်တယ်.... "

        ရေထဲက လက်ချောင်းကို ပြန်နုတ်ပြီး ဟုန်းအာ၏နှာခေါင်းထိပ်ကို ထိတွေ့လိုက်သည်။ ရေစက်ကလေးက နှာသီးပေါ်၌ ဝဲကျန်ခဲ့၏။

"အေးလား...."

        သေချာပေါက် မဖြေဘူးပေါ့။ ပြန်မဖြေနိုင်တော့ဘူးလေ။ လဲ့ကျီပြုံး၍ နှာသီးထိပ်လေးကို အသာသုတ်ပေးလိုက်သည်။ လရောင်အောက်မှာတောင် ဟုန်းအာရဲ့အလှက ဆေးရောင်မပါတဲ့ ပန်းချီကားတစ်ချပ်လို လှပလွန်း၏။

"ဟုန်းအာ.... မင်းအရမ်း တိတ်ဆိတ်တာပဲကွာ ငါ့ကိုစကားလေး တစ်ခွန်းတောင် ပြန်မပြောဘူး.... ကောင်းပါပြီ စိတ်ဆိုးနေသေးတယ်ဆိုရင် မင်းစိတ်ဆိုးပြေတဲ့အထိ ကိုယ်မင်းဘေးမှာ နေပေးမယ် ဟုတ်ပြီလား "

        လဲ့ကျီသည် လက်ညှိုးလက်ခလယ် နှစ်ချောင်းထုတ်ကာ လက်ချောင်းထိပ်ဖြားသို့ စွမ်းအင်များကို စီးဆင်းစေပြီး အဖြူရောင် အလင်းငွေ့တွေ ထွက်ပေါ်လာသောအခါ ဟုန်းအာ၏နဖူးပြင်ကို ထိကပ်လိုက်လေသည်။

        မျက်လုံးကို စုံမှိတ်ကာ ဝိညာဥ်လောကထဲ ခဏဝင်ကြည့်သည်။ ဟုန်းအာရဲ့ဝိညာဥ်ဟာ ဝိညာဥ်လောကထဲမှာ ရှိနေသေးတယ်လို့ သူယုံကြည်၏။ လည်ပင်းက ဒဏ်ရာကို ကုသပေးပြီးပြီမလို့ ဟုန်းအာရဲ့ဝိညာဥ်ကိုသာ ပြန်တွေ့ရင် အသက်ရှင်နိုင်ဖို့ မျှော်လင့်ချက်ရှိသည်။

System created (Completed)Where stories live. Discover now