💜Part (1)💜

20.7K 1.3K 15
                                    

Unicode
System created

                     💜1💜

["ကူးပြောင်းခြင်း စတင်ပါပြီ...."]

"ဘာသံလဲ...."

       မျက်ခွံတွေက နှစ်များစွာ ပိတ်ထားခဲ့တဲ့ တံခါးလိုပဲ သံချေးတတ်နေသည့်နှယ် ဖွင့်ရခက်လှသည်။ အပူလှိုင်းတစ်ခုက မိမိကိုယ်ပေါ် ဖြာကျနေတာကို ခံစားမိရုံမှအပ အခြားဘာကိုမှ အာရုံမခံမိချေ။

["ဂုဏ်ယူပါတယ်.... ကူးပြောင်းမှု အောင်မြင်ပါပြီ"]

       လေးလံနေသည့် မျက်ခွံများကို အားယူ၍ဖွင့်ကြည့်လိုက်တော့ နေရာစိမ်းတစ်ခုကို ရောက်ရှိနေမှန်း မိမိကိုယ်ကို သိလိုက်သည်။ သူသည် မတိုင်ခင်က မြက်ခင်းစိမ်းပေါ်တွင် လဲလျောင်းအိပ်စက်နေတာဖြစ်ပြီး နိုးနိုးချင်း ပတ်ဝန်းကျင်အသစ်ကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးသွားရသည်။

       မိမိကိုယ်ကို ပြန်ငုံ့ကြည့်လိုက်တော့ တရုတ်သိုင်းကားထဲက အဝတ်အစားတွေနဲ့။

"ဘာတွေ ဖြစ်ကုန်တာလဲ.... ငါသေပြီမဟုတ်ဘူးလား"

["မဂ်လာပါ..... "]

       အသံတစ်သံကြောင့် ဘေးပတ်ပတ်လည်ကို ပတ်ချာလှည့်ကာရှာမိသည်။ ထိုနေရာတွင် သူကလွဲရင် မည်သူမှရှိမနေ။ ဒါဆိုအသံက ဘယ်ကလာတာလဲ။

"ဘယ်သူလဲ..."

["Systemပါ"]

"ဟင်..... ဧကန္တ ငါသေပြီး novelထဲ ဝင်စားတာလား"

["မှန်ပါတယ်"]

       ထိုအသံသည် TVမှာ သတင်းကြောညာနေကျ အမျိုးသမီးသံလိုပဲ ကြည်လင်ကာ တည်ငြိမ်လှသည်။ ရုတ်တရက် သူ့ရှေ့တွင် system ၏ Flim box တစ်ခုပေါ်ထွက်လာသည်။

"ငါသေသွားတာလား"

["အပြင်လောကမှာတော့ သေသွားပါပြီ"]

"ဒါဆို အခုက.... ရုပ်ရှင်ထဲကလိုမျိုး...."

       နောက်ဆုံးတော့ နားလည်သွားခဲ့ပြီ။ သူသည် system ၏ဆွဲခေါ်မှုကြောင့် ဝတ္ထုတစ်ခုထဲသို့ ရောက်ရှိနေတာဖြစ်ပြီး အသက်ဆက်ရှင်ဖို့ဆို သူဖတ်ဖူးတဲ့ ဇာတ်လမ်းထဲကလို မစ်ရှင်တွေလုပ်ဆောင်ရမည်။

System created (Completed)Where stories live. Discover now