Unicode
System created💜5💜
ယခုမှာတော့ ထိုသို့မလုပ်ဘဲ အကြောင်းအရာကို နားထောင်ပြီးသည်နှင့် တက်သွားသည်။
"အရှင့်သား သူ့ကိုဂရုစိုက်မနေပါနဲ့.... ကျွန်တော်တို့ ညရောက်ရင်ဖြစ်ဖြစ် သခင်ကြီးယောင်းဆီ သွားကြည့်ရအောင်"
"နေ့လည်ကော""ဟင်...."
"နေ့လည်သွားလို့ရတယ် မဟုတ်လား""ဒါပေမယ့် အရှင့်သားက နေပူထဲထွက်လို့မရဘူးလေ... "
"ဒီခမောက်နဲ့ဆို ငါထွက်လို့ရပါပြီ""ကောင်းပါပြီ ကောင်းပါပြီ... နေ့လည်ဆိုတော့လည်း နေ့လည်ပေါ့ အရှင့်သားသဘောအတိုင်းပါ"
("ငါကအဲ့ဒီကောင်ကို သိပ်ဖမ်းချင်နေလို့ မဟုတ်ပါဘူး... မစ်ရှင်ကြောင့်")
သူတို့ ငှားထားသော အခန်းထဲ ကိုယ်စီဝင်ကာ အနားယူကြသည်။ အခန်းထဲရောက်မှပဲ မေနန်းဟွားမှာ ခမောက်ချွတ်ရတော့၏။ သူကနာမည်နဲ့လိုက်အောင် ပန်းတစ်ပွင့်နဲ့တူနေလို့ သိုင်းလောကတစ်ခုလုံးရဲ့ အာရုံစိုက်ခြင်း ခံနေရသူလေ။
အပြင်ထွက်ရင် ယခင်မေနန်းဟွားသည် မြောက်ကြွမြောက်ကြွနဲ့ သွားတတ်သည်။ သူကတော့ မသွားတတ်ပါ။ သူ့ကိုတခြားသူတွေ ချစ်ရည်ရွှမ်းနေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်လာမှာကို မလိုလားပေ။ ရှက်တတ်သည်။
အချစ်ရည်လဲ့နေတဲ့ မျက်လုံးတွေကို သူမကြိုက်ပါ။ နိုးနိုးချင်း မိန်းကလေးတွေကို မြင်လိုက်ရပြီး systemဆီက အကြောင်းအရင်းမှန်ကို ကြားလိုက်ရသောအခါ သူရှက်လွန်းလို့ မျက်နှာတောင် ဘယ်နားထားရမလဲမသိပေ။
ကျိုက်လဲ့ကျီတစ်ယောက်ကတော့ အခန်းထဲရောက်သည်နှင့် လက်တွင်ပတ်ထားသော အဝတ်စကို အမြန်ဖြည်လေသည်။ ထိုနေရာသည် ထွက်မလာခင်တုန်းက မေနန်းဟွား ဆုပ်ကိုင်ခဲ့သော လက်ကောက်ဝတ်တစ်နေရာပင် ဖြစ်၏။
သူသည် အပူဒဏ်သာမက အအေးဒဏ်ကိုလည်း ခုခံနိုင်စွမ်းမရှိပေ။ သူ့ခန္ဓာကိုယ်ထဲမှာက စွမ်းအင်များစွာ ကိန်းအောင်းနေတာကြောင့် ဓာတ်မတည့်သော အရာတွေကများပြားသည်။ မေနန်းဟွား၏အသားက အေးသည်။ ထို့ကြောင့် သူကိုင်လိုက်သော ကျိုက်လဲ့ကျီ၏လက်ကောက်ဝတ်တွင် အဖြူရောင်အမှုန်စတွေ ကျန်ခဲ့၏။
YOU ARE READING
System created (Completed)