💜Part (116)💜

2.7K 324 0
                                    

System created

                     💜 116💜

        သားအဖနှစ်ယောက် လုံးထွေးကစားကြသည့်အချိန် စုန်ဟုန်းဟိုင်ကတော့ ရေချိုးဆောင်ထဲ ဝင်သွားပြီဖြစ်၏။ လဲ့ကျီက ကစားတာကို ရပ်လိုက်ပြီး အားချုံးကို သူ့ဗိုက်ပေါ်တင်လိုက်သည်။

        နှစ်ယောက်လုံး၏ ဝတ်ရုံများက ဖရိုဖရဲဖြစ်နေကာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ရယ်မောနေ၏။

"အားချုံး..... မင်းတော့ ညီမလေး ရတော့မယ်ထင်တယ်"
"ဟင်?"

        သည်တစ်ခါမှာတော့ အားချုံးရဲ့မျက်လုံးလေးတွေက ပုံမှန်ထက်ကို စူးရှတောက်ပလာသည်။

"တကယ်လား.... ခမည်းတော် သားတကယ် ညီမလေးရပြီလား"
"တကယ်ပေါ့... မင်းပါ့ပါးမှာ လျိုဝှက်ဆေးလုံးတစ်လုံး ရှိနေပြီ ဒါပေမဲ့ကွာ မင်းပါ့ပါးက သောက်ချင်စိတ် မရှိသေးတဲ့ပုံပဲ အဲ့တော့သားက ကူညီရမယ်"

"ဘယ်လိုကူညီရမှာလဲ"

        အားချုံးက ချစ်စဖွယ်ခေါင်းကလေးစောင်းကာ မေး၏။

"ပါ့ပါးထွက်လာတာနဲ့ ညီမလေး လိုချင်တယ်လို့ ပူဆာလိုက်"
"အဲ့လိုဆို ညီမလေးက ထွက်လာမှာလား"

"ဒါပေါ့...."

        ရေချိုးနေတဲ့ စုန်ဟုန်းဟိုင်ကတော့ ထိုသားအဖနှစ်ယောက် ဆွေးနွေးတိုင်ပင်နေကြသည့် အကြောင်းအရာကို နည်းနည်းလေးတောင် မကြားရ၊ မသိရပါဘဲ မိမိကိုယ်ကို သန့်စင်နေလေသည်။

        အားချုံးက မထွက်လာသေးသည့် ညီမလေးအကြောင်း စိတ်ကူးယဥ်ပြောပြနေရင်း အိပ်ယာပေါ်မှာ လှိမ့်နေ၏။ မကြာခင်မှာပင် စုန်ဟုန်းဟိုင် ရေချိုးဆောင်ထဲက ပြန်ထွက်လာသည်။ ခဏလေးတောင် မစောင့်နိုင်တော့တဲ့ အားချုံးသည် အိပ်နေရာမှ ဇတ်ဆိုထထိုင်၏။

"ပါ့ပါး...."

        ချစ်စရာ မျက်လုံးတောက်တောက်လေးက စုန်ဟုန်းဟိုင်ကို စူးစိုက်ကြည့်နေသည်။

"အင်း...."
"ပါ့ပါး.... သား ညီမလေးဘယ်တော့ ရမှာလဲဟင်"

        ရေချိုးပြီးခါစမို့ သိဒ္ဓိစွမ်းအင်နဲ့ ခေါင်းအခြောက်ခံနေတဲ့ စုန်ဟုန်းဟိုင်သည် ပြုံးစိစိလေးလုပ်ပြနေတဲ့ အားချုံးဆီ လျှောက်လာလေသည်။ အားချုံးက မွေးချင်းလိုချင်နေတယ် ဆိုတာကို သူနားလည်သည်။

System created (Completed)Where stories live. Discover now