Unicode
System created💜40💜
ခြောက်ထပ်မြင့်အဆောင် ပေါ်ရှိ ဂိုဏ်းချုပ်များသည်လည်း သူတို့တပည့်များကို ခေါ်ကာ ထွက်သွားကြသည်။ ဂိုဏ်းချုပ်လန်မှာတော့ သူ့ညီလေး ဤသို့ ပြုလုပ်လိုက်တာကို မယုံနိုင်လောက်အောင် ဖြစ်နေတာကြောင့် တစ်လမ်းမှ မရွေ့မိသေး။
သူအနောက်ကို ပြန်လှည့်ကြည့်လိုက်တော့ စားပွဲပေါ်မှာ သူချခဲ့တဲ့ မြေခွေးဖြူလေးက ကြောက်လို့ထင်ပါရဲ့။ ကုတ်ကုတ်ကလေး ဖြစ်နေသည်။
"မကြောက်ပါနဲ့..... လာ....."
မြေခွေးလေးကို အသာပွေ့ချီလိုက်တော့ တသိမ့်သိမ့် တုန်နေတဲ့ ခန္ဓာကိုယ်လေးက တဖြည်းဖြည်း ငြိမ်သွားသည်။ ဂိုဏ်းချုပ်လန်သည် အဆောင်ကြီးပေါ်ကနေ ဆင်းလာခဲ့ပြီးနောက် သူပွေ့ထားတဲ့ မြေခွေးဖြူလေးကို မေနန်းဟွားလက်ထဲ ပေးလိုက်သည်။
"မင်းဒီကောင်လေးကို ခဏယူထားပြီး ဒီမှာပဲစောင့်နေ"
"ဟုတ်ကဲ့ ရှစ်ဖူ....."ဂိုဏ်းချုပ်လန် အလွန်မြန်သော အဟုန်နှင့်အတူ ထွက်သွားသည်။
"အရှင့်သား ကျွန်တော်လည်း လိုက်သွားမယ်.... အရှင့်သား အိပ်ဆောင်မှာပဲစောင့်နေနော်"
"အင်းပါ.... သတိထားအုံး""အွန်း....."
သိုင်းပြိုင်ပွဲ ကျင်းပရာနေရာတွင် တဖြည်းဖြည်း လူသူကင်းမဲ့သွားလေသည်။ ကပ်ပါးပိုးနဲ့ စောင့်ကြည့်တယ်ဆိုတာ မသမာတဲ့သူ၊ အကြံအစည်ကြီးတဲ့သူတွေရဲ့ လုပ်ရပ်ဆိုတာ အားလုံးသိသည်။ ဇာမဏီဂိုဏ်းကို စောင့်ကြည့်နေတယ် ဆိုပေမယ့် သူတို့ဂိုဏ်းဘက်ကိုလည်း ရောက်လာနိုင်တာကြောင့် သတိထားနေရသည်။
နောက်ပြီး စောင့်ကြည့်တဲ့ ကပ်ပါးပိုးကို မွေးထုတ်ဖို့ဆိုတာက ဒုဂိုဏ်းချုပ် အဆင့်ရှိသော ဟုန်ဟွမ်းမပြောနှင့် ဂိုဏ်းချုပ်လန် နှင့် ဂိုဏ်းချုပ်ဖုန်းတို့လို ဆရာကြီးတွေအောင် အလွယ်တကူ လုပ်နိုင်တဲ့ ကိစ္စမဟုတ်ပေ။ သူ့နောက်မှာ သေချာပေါက် တစ်ယောက်ယောက်ကတော့ ရှိနေသည်။
ကျန်တဲ့ဂိုဏ်းတွေ အမြင်မှာတော့ မိမိတို့သာ ဝင်မကူညီရင် ဟုန်ဟွမ်းနောက်ကွယ်ကလူဟာ မိမိတို့ဆိုတာ သံသယဝင်လာနိုင်တာကြောင့် မတက်နိုင်လည်း လိုက်၍အင်အား ဖြည့်ပေးရလေသည်။
YOU ARE READING
System created (Completed)