💜Part (106)💜

3.3K 399 4
                                    

System created

                      💜106💜

       ချီစန်းမှာ ထိုမိစ္ဆာ၏ အနီးနားရောက်သွားလေလေ ထိုသူကို တစ်နေရာရာမှာ တွေ့ဖူးသလို ခံစားလာရလေ ဖြစ်ရာ သူ့ခြေလှမ်းတွေက ပိုလို့တောင် မြန်ဆန်လာသေးသည်။

"မင်း ဘယ်သူလဲ"

"ချီစန်း"

        ကျင့်ဖုန်း ဇတ်ဆို မတ်တပ်ထရပ်လာသည်။ သူ့မျက်နှာသည် ချီစန်းကို တွေ့လိုက်ရတာကြောင့် ပျော်ရွှင်ပီတိဖြာမှုက ဖုံးဖိမရအောင် ပေါ်လွင်နေ၏။

"ချီစန်း....."

        ချီစန်း ဓားကိုလက်တစ်ဖက်က ကျစ်နေအောင် ကိုင်လျက် ကျင့်ဖုန်းကို ခေါင်းအစခြေအဆုံး စူးစမ်းကြည့်နေသည်။ ကိုးရောင်ခြယ်ကြိုးက ကျင့်ဖုန်း၏ လက်ကောက်ဝတ် နှစ်ခုကို တင်းတင်းကျပ်ကျပ် စည်းနှောင်းထားကာ ကြိုးအရောင်ကလည်း တောက်ပနေ၏။

"ချီစန်း....."

       ကျင့်ဖုန်း နူးနူးညံ့ညံ့ ခေါ်ရင်း လက်လှမ်းလာအခိုက် ချီစန်းက ဓားအိမ်ကို ရှေ့ထိုးလိုက်ကာ။

"ဘယ်သူလဲ"
"ဟုတ်သားပဲ.... ဆယ်နှစ် ကျော်သွားပြီဆိုတော့ မင်းကိုယ့်ကို ဘယ်မှတ်မိတော့မလဲ"

"ဆယ်နှစ်?"
"မင်းကိုယ်ပေးထားတဲ့ ကျောက်နီလေးကို သိမ်းထားတုန်းပဲနော်"

        ကျင့်ဖုန်းက သူ့ဓားအိမ်ကို ကြည့်ကာ ဆိုလိုက်တာကြောင့် ချီစန်းလည်း လက်စွဲတော်ဓား၏ ဓားအိမ်ပေါ်တွင် ထွင်းထုထားသည့် အနီရောင်ကျောက်သေးသေးလေးဆီ အကြည့်ပို့လွှတ်လိုက်သည်။ အနီရောင်ကျောက်။ ဆယ်နှစ်ရှိပြီ။

"မင်း?"

"......."

"ကျင့်ဖုန်း?..... မင်း မင်းဘယ်လိုလုပ်.... ကောင်းပြီ မင်းကအစကတည်းက မိစ္ဆာသွေးပါတဲ့ သူဆိုတာ ငါမေ့သွားတယ်.... ဘယ်လိုလုပ် လဲ့ကျီက မင်းကိုဖမ်းလာတာလဲ"
"ကိုယ်ပြောပြပါမယ် အရင်ဆုံး ထိုင်ပါအုံး.... ပြီးတော့ မင်းရဲ့ဓားကြီးကို ဖယ်ထားလို့ရမလား"

"အော် အင်း...."

       ချီစန်း ဓားကိုသိမ်း၍ ကျင့်ဖုန်းဘေးတွင် ထိုင်လိုက်၏။ အကွာအဝေးက ဝေးလည်းမဝေး၊ အရမ်းကြီးလည်း မနီးပေမယ့် ကျင့်ဖုန်းက စူးစူးရဲရဲ စိုက်ကြည့်နေတော့ ဂိုဏ်းချုပ်ချီလေးမှာ နေမထိထိုင်မသာတွေ ဖြစ်လာသည်။

System created (Completed)Where stories live. Discover now