System created
💜138💜
ရှောင်ဝမ်းလင် ဘယ်လောက်ပဲ သူမကိုယ်သူမ ယုံကြည်မှုလွန်ကဲပြီး သက်သေပြနေပါစေ လော့ချုံးရွဲကတော့ ထိုအရာကို စိတ်မဝင်စားပါ။ သူက တစ်စုံတစ်ယောက် သဝန်တိုလာအောင် လုပ်ဖို့သာ စိတ်ဝင်စားလေသည်။
ကျင်းယောင်းယွမ်ကတော့ ထိုနှစ်ယောက်ကို တိတ်တိတ်ဆိတ်ဆိတ်သာ ကြည့်နေပြီး သူ့ထမင်းသူ စားနေသည်။ သဝန်တိုတဲ့ အရိပ်အယောင် သေးသေးလေးတောင် မပေါ်လာချေ။
ထမင်းစားနေရင်း လော့ချုံးရွဲ တစ်စုံတစ်ခုကို သတိရသွားသည်။
"ဝမ်းလင်...."
"ဟင်?"လော့ချုံးရွဲက သူမနာမည်ကို ခေါ်လိုက်တိုင်းမှာ သူမနှလုံးသားက တဒိတ်ဒိတ် ခုန်မြန်လာ၏။
"မင်းတို့ကိုဘာလို့ တော်ဝင်မျိုးနွယ်ရဲ့ ဘွဲ့စည်းတံဆိပ် ပေးထားရတာလဲ"
"အော်.... ကျွန်မအမေက ဟာမို့အင်ပါယာက မင်းသမီးလေ"သူမက ပေါ့ပေါ့ပါးပါး ရယ်ရယ်ပြုံးပြုံးနဲ့ ပြောလိုက်သော်ငြားလည်း လော့ချုံးရွဲအတွက်ကတော့ ဟာမို့အင်ပါယာဆိုတာ တစ်ချိန်က သူ့ဖေဖေကြီးနဲ့ ပါ့ပါးကို ဆင်းရဲဒုက္ခရောက်အောင် ပြုလုပ်ခဲ့တဲ့ လူယုတ်မာတွေပဲမို့ ရယ်ရယ်ပြုံးပြုံး မရှိချေ။
လော့ချုံးရွဲ မျက်နှာတည်သွားတာ မြင်တော့မှ ရယ်ရယ်မောမော ဖြစ်နေတဲ့ ရှောင်ဝမ်းလင်လည်း သူ့ကိုယ်သူ ပြန်ထိန်းကာ။
"အစ်ကိုလော့.... ပြဿနာရှိလို့လား"
"အာ.... မရှိပါဘူး ""ဒါဆို အစ်ကိုလော့တို့ ကောင်းကောင်းသုံးဆောင်နော် ကျွန်မမောင်လေးကို သွားကြည့်လိုက်အုံးမယ်"
"ကောင်းပါပြီ"ရှောင်ဝမ်းလင်က သူ့ကို အတောက်ပဆုံး ပြုံးပြခဲ့သေး၏။ လော့ချုံးရွဲအတွက်ကတော့ သူမအပြုံးက လှတယ်ဆိုပေမယ့် သူ့ကိုရင်ခုန်စေဖို့တော့ မလုံလောက်ဘူး။ သူကတော့ အဲ့ဒီအပြုံးထက် ခပ်တည်တည်နေတဲ့ ကျင်းယောင်းယွမ်ကို ပိုသဘောကျသည်။
အေးအေးဆေးဆေး ထမင်းစားနေဆဲ ဖြစ်တဲ့ ကျင်းယောင်းယွမ်က သူမထွက်သွားတော့မှသာ လှုပ်ရှားလာ၏။ သူက လက်ဖက်ရည်တစ်ခွက် ငှဲ့ကာ လော့ချုံးရွဲဘက် တိုးပေးလိုက်သည်။ သူ့ကိုရေသောက်လိုက်ဟု ပြောနေသလိုမျိုး။
YOU ARE READING
System created (Completed)