💜Part (43)💜

4.6K 607 14
                                    

Unicode
System created

                       💜43💜

       နောက်ဆုံးတော့ သူလည်း မေနန်းဟွားဘေးတွင် ဝင်ထိုင်လိုက်ရလေသည်။ သူနမ်းလိုက်လို့ နီရဲသွားတဲ့ နှုတ်ခမ်းလေးကိုတော့ ချောင်းကြည့်မိသေးသည်။ လှပလွန်းတဲ့ နှုတ်ခမ်းလေးက သူ့ကိုထပ်နမ်းဖို့ရန်အတွက် ခေါ်နေသယောင် ရှိနေလို့ လဲ့ကျီရှေ့တိုး၍ မေနန်းဟွားပါးကို နမ်းရှိုက်လိုက်၏။

"ညစာစားရမယ်လေ...."

         သူ့ဆီက အနမ်းတွေကို ခဏခဏရနေတာတောင်မှ တစ်ဖက်က ကျောက်စိမ်းဖြူလေးမှာ ရှက်နေတုန်းဖြစ်ပြီး အရှက်ပြေ ညစာဆီကို အာရုံလွှဲနေသည်။

"ဟုတ်ကဲ့"

        သူတို့နှစ်ယောက် ညစာစားတဲ့ အခိုက်အတန့်မှာတော့ ဘယ်သူကမှ စကားမပြောဘဲ တိတ်ဆိတ်နေ၏။ တစ်ယောက်နဲ့တစ်ယောက် ဟင်းထည့်ပေးခြင်းလောက်သာ ပြုလုပ်ကြလေသည်။

        သူတို့ညစာစားပြီးတော့ ဦးလေးမာက ပန်းကန်တွေ လာသိမ်းပေးသွားသည်။ မေနန်းဟွားက ချွတ်ထားသော မျက်နှာဖုံးကို ကောက်ယူလိုက်စဥ် အနောက်ကနေ တစ်စုံတစ်ယောက်ဟာ သူ့ကိုဖက်ထားလေတော့ လှုပ်ရှားနေတဲ့ လက်များ ရပ်သွား၏။

"ဘာဖြစ်လို့လဲ"
"အမှောင်ထုမြို့က ညထွက်လို့မကောင်းဘူးလေ... အရှင့်သားက ဘယ်သွားမလို့လဲ"

"ဒီမြို့ရဲ့အကြောင်းကို ငါတို့သေချာစုံစမ်းရမယ်... "

       ထိုစဉ် မေနန်းဟွားသည် သူ့ခါးတွင် တစ်စုံတစ်ခုဟာ လစ်ဟာသွားကြောင်း ခံစားမိလိုက်လေသည်။ သူအောက်ကို ငုံ့ကြည့်လိုက်သောအခါတွင် သူ့ခါးစည်းကြိုးဟာ ပြေနေပြီး ကြိုးစကို လဲ့ကျီကကိုင်ထားတာကို တွေ့ရ၏။

        လဲ့ကျီ သူ့ကိုစနေပြီ။ ဒီလိုအခြေအနေမျိုးမှာ စဖို့နောက်ဖို့ စဥ်းစားနိုင်သေးတဲ့ ကျိုက်လဲ့ကျီကို သူအံ့သြလို့မဆုံးပေ။ ဒါကလည်း လဲ့ကျီအမှား မဟုတ်ပေဘူးလေ။ လဲ့ကျီက အရင်ကတည်းက ပျော်ပျော်နေတတ်တဲ့ လူငယ်တစ်ယောက်ပဲလေ။

        မေနန်းဟွား အနောက်ပြန်လှည့်၍ လဲ့ကျီပါးနှစ်ဖက်ကို သူ့လက်ခုပ်ထဲ ထည့်ကိုင်လိုက်သည်။ လဲ့ကျီမျက်လုံးတွေကို သေသေချာချာ စူးစိုက်ကြည့်ပြီးခါမှ။

System created (Completed)Where stories live. Discover now