💜Part (134)💜

2.4K 302 1
                                    

System created

                      💜134💜

       မြေပြင်ပေါ်ရောက်တော့ ကျင်းယောင်းယွမ် ရေခဲငှက်ပေါ်မှ ခုန်ဆင်းလိုက်သည်။ အခြေအနေက တည်ငြိမ်သွားပြီ။ ဝတ်ရုံနက်သည်လည်း ရေခဲဆူးတွေနဲ့ မရှုမလှ သေဆုံးသွားပြီမို့ ကျင်းယောင်းယွမ် ထိုသူအား လှည့်မကြည့်တော့ဘဲ လော့ချုံးရွဲဆီသာ လျှောက်သွားလိုက်သည်။

       လော့ချုံးရွဲရဲ့ မျက်နှာ ဒေါသတစ်ခုကြောင့် မည်းမှောင်နေတာမြင်တော့ ကျင်းယောင်းယွမ် ခြေလှမ်းတွေ ရပ်သွားသည်။

"အားချုံး ဘာဖြစ်လို့လဲ?"
"ဘယ်သူက လိုက်လာခိုင်းလို့လဲ?"

"ငါ...."
"သိုင်းကဖြင့် မတက်ဘဲနဲ့ တစ်ခုခု ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ?"

"ငါ ငါမင်းကို စိတ်ပူသွားလို့"

       ကျင်းယောင်းယွမ် မျက်နှာလွှဲကာ ပြောလိုက်တဲ့ စကားကိုကြားတော့ လော့ချုံးရွဲ၏ ပြိုတော့မည့်မိုးက ချက်ချင်းပဲ နေပြန်သာသွားသည်။ သူက ကျင်းယောင်းယွမ်အနား လျှောက်သွားပြီး။

"လတ်စသတ်တော့ ကိုကိုက ကျွန်တော့်ကိုစိတ်ပူနေတာကိုး"

       ကျင်းယောင်းယွမ် သူ့နားထင်ကို ကုတ်ရင်း ဟိုကြည့်သည်ကြည့် ကြည့်လိုက်သော် မြက်ခင်းပေါ်တွင် ပုံလျက်သား လဲကျနေတဲ့ မိန်းကလေးကို တွေ့ရလေသည်။ သူမသည် ရုန်းရင်းဆန်ခတ် ဖမ်းဆီးခံရသော်ငြားလည်း အလှမပျက်။

       သူမဝတ်ထားတဲ့ အပြာနုရောင် ပိုးထည်ဝတ်ရုံက ဘယ်လောက်စျေးကြီးကြောင်း ကြည့်ရုံနဲ့ သိနိုင်၏။ သူမကိုယ်ထဲတွင်လည်း ကျိန်စာစည်းတံဆိပ် ရှိနေသည်လေ။ ကျင်းယောင်းယွမ် မြန်မြန်ပြေး၍ သူမလက်ကောက်ဝတ်ကို စမ်းသပ်လိုက်သည်။

       အဖမ်းခံရသည့်အချိန်တွင် အကြောက်လွန်ပြီး သတိလစ်သွားတာလား။ ဒါမှမဟုတ် တခြားအကြောင်းကြောင့်လား မသိပေမယ့် သူမကိုကယ်လို့တော့ ရသေးသည်။

"အားချုံး.... မိန်းကလေးတစ်ယောက်ကို ပစ်ချထားတာ သူ့ကိုမလေးစားရာ ကျတယ်ပေါ့"

        လော့ချုံးရွဲ ခြေစောင့်ပစ်လိုက်သည်။

"ကိုကိုပြောတော့ ကျွန်တော့်ကို စိတ်ပူနေတာဆို... အခုကျတော့ သူ့ကိုစိတ်ပူနေတာတဲ့လား.... "
"မင်းရဲ့စွမ်းအားက သူမနဲ့ယှဥ်လို့မရဘူးလေ... လာပါ သူမကိုယ်ထဲက ကျိန်စာစည်းတံဆိပ်ကို ချေဖျက်ပေးရအောင်"

System created (Completed)Where stories live. Discover now