Unicode
System created💜65💜
လီချူးကတော့ လဲ့ကျီကို စကားမပြောသေးဘဲ သစ်ပင်ခြေရင်းမှာ ငုတ်တုတ်ကလေး သတိလစ်နေတဲ့ မေနန်းဟွားဆီ လျှောက်သွားလေသည်။ လီချူးဖြတ်သွားတော့ ဖုန်းရွေ့နဲ့ လဲ့ကျီလည်း မေနန်းဟွားဘက်ကို မျက်နှာလှည့်လိုက်သည်။
ထိုအခိုက် လီချူးက မေနန်းဟွားကို သူ့လက်မောင်းတွေကြား ကောက်ပွေ့လိုက်တော့၏။ မေနန်းဟွားကို ထိတော့လည်း လဲ့ကျီမှာ မခံမရပ်နိုင်ဖြင့် လက်သီးဆုပ်ထားမိလေသည်။
လီချူးရင်ဘတ်ကိုမှီလျက် သတိမေ့နေသူကို ပြန်ယူဖို့အတွက်လည်း သူ့လက်တွေက မလှုပ်ရှားချေ။ လဲ့ကျီကို ဂရုမစိုက်ဟန်ရှိသော လီချူးက မေနန်းဟွားကိုပွေ့လျက် ပြန်ရောက်လာသည်။
"လဲ့ကျီ.... သူကမေနန်းဟွား မဟုတ်လည်း မေနန်းဟွားထက် အဆပေါင်းများစွာ မင်းကိုဂရုစိုက်ပေးခဲ့တာကိုတော့ မင်းမမေ့နဲ့"
ပြက်သားစွာ ပြောပြီး လီချူးကအရင် ထွက်သွားလေသည်။ လဲ့ကျီတစ်ယောက် နားမလည်နိုင် ဖြစ်နေ၏။ သူလုပ်လိုက်တာ သတိလစ်သွားစေတဲ့အထိ မကြမ်းတမ်းခဲ့ဘူးလေ။
လဲ့ကျီမသိတာက မေနန်းဟွားနှလုံးသားဟာ နာကျင်လွန်း၍ သတိမေ့တဲ့အထိ ဖြစ်သွားတာပဲ ဖြစ်လေသည်။
ထိုနေ့တွင် အနိမ့်ပိုင်းကျင့်ကြံရေးလောက ဖြစ်သော သာမန်လူသားတွေအတွက် သာမက အထက်ပိုင်းကျင့်ကြံသူတို့ အတွက်ပါ အန္တရာယ်များသော သိဒ္ဓိမိစ္ဆာကို ရှာဖွေဖမ်းဆီးရန်အတွက် ဂိုဏ်းသုံးဂိုဏ်းမှ အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့သည်။
ဇာမဏီဂိုဏ်းကိုယ်စား ဖုန်းရွေ့က တက်ပြီး စစ်ချွန်းတောင်ဂိုဏ်းကိုယ်စား လီချူးက အစည်းအဝေးကို တက်ရောက်လေသည်။ လဲ့ကျီက သိဒ္ဓိမိစ္ဆာဟာ တောင်ပြိုထားတဲ့ နေရာနဲ့မနီးမဝေးမှာ ရှိနိုင်ကြောင်းနဲ့ ထိုနေရာတွေကို လူလွှတ်စုံစမ်းထား ခိုင်းပြီးပြီဖြစ်ကြောင်း ပြောပြသည်။
နောက်တစ်နေ့ မနက်ရောက်လျှင် သိဒ္ဓိမိစ္ဆာကို ဖမ်းဆီးရန်အတွက် သူတို့ဂိုဏ်းသုံးဂိုဏ်းက လူငယ်တွေ စတင်ထွက်ခွာရန် အစီအစဥ်ဆွဲပြီး အစည်းအဝေးကို ရပ်နားလိုက်သည်။
ŞİMDİ OKUDUĞUN
System created (Completed)