💜Part (49)💜

4.4K 603 8
                                    

Unicode
System created

                       💜49💜

      မေနန်းဟွားရဲ့ မျက်နှာထားဟာ အစဥ်အမြဲ တည်ငြိမ်နေသည်။ ဇီယဲ့ဝမ်ကလည်း လေထုအလည်တွင် ငှက်မွေးတောင်ပမာ ပေါ့ပါးစွာ ရပ်တန့်နေရင်းမှ မေနန်းဟွားကို ငုံ့ကြည့်လျက်ရှိသည်။

        ဇီယဲ့ဝမ်ကို သူမကြောက်ပါ။ သူက မေနန်းဟွားအစစ် မဟုတ်ဘူးဆိုတာကို ဇီယဲ့ဝမ် သေချာပေါက် သိသွားတဲ့အခါ လဲ့ကျီကို သွားပြောပြမှာကိုသာ သူစိုးရိမ်မိခြင်း ဖြစ်ပါသည်။ လဲ့ကျီသာသိသွားရင် သူ့ကိုမုန်းသွားမှာ သူသိသည်။

        အဲ့ဒီလိုဖြစ်မှာကို သူမလိုလားပါ။ သို့အတွက် သူကမေနန်းဟွား မဟုတ်ဘူးဆိုတာကို လဲ့ကျီကို တစ်သတ်လုံး အသိမပေးတော့ဘူးဟု စိတ်ဆုံးဖြတ်ထားသည်။

"ကောင်းပါပြီ အခုတော့မင်းကို နန်းဟွားလို့ ခေါ်လိုက်ပါမယ်...."
"ငါက မေနန်းဟွားပဲ"

"ဟားဟားဟား ဟုတ်ပါပြီ ဟုတ်ပါပြီ.... ဒါပေမယ့် မင်းမေနန်းဟွား မဟုတ်နိုင်ဘူးဆိုတာကို သိုင်းပြိုင်ပွဲမှာ မင်းကိုတွေ့ကတည်းက ကိုယ်သိပါတယ်.... မင်းဘာကြောင့် သူ့ခန္ဓာကိုယ်ထဲ ဝင်နေတာလဲ မင်းပြောပြနိုင်မလား ဒါမှမဟုတ် သူဘယ်ရောက်သွားလဲဆိုတာပေါ့"

       ဇီယဲ့ဝမ်အသံက အမှန်တကယ်ပင် မေနန်းဟွားအကြောင်းကို နှံ့နှံ့စပ်စပ် သိနေတဲ့ ပုံစံမျိုးပင်။ အချိန်ခဏ ကြာသည်အထိ မေနန်းဟွားက စကားမပြန်သေးဘဲ ဇီယဲ့ဝမ်ကိုသာ စူးစိုက်ကြည့်နေသည်။

"မပြောဘူးပေါ့.... ကောင်းပြီ ငါမင်းကိုတစ်ခု ပြောပြမယ် မင်းသိဒ္ဓိကျောက်တွေကို ထိလိုက်တဲ့အချိန်တိုင်း မင်းတစ်ခုခုကို ခံစားရတယ်မဟုတ်လား"
"ဘာ"

"သိဒ္ဓိကျောက်က လင်းလာတယ်... သိဒ္ဓိကျောက်က လင်းလာလေ မင်းရဲ့ခန္ဓာကိုယ်က ပူလောင်လာလေပဲ ဟုတ်တယ်မဟုတ်လား"
"မင်းဘယ်လိုသိလဲ"

       ဒီတစ်ခါတော့ မေနန်းဟွား တကယ်ထိတ်လန့်သွားခဲ့လေပြီ။ သူ့ခန္ဓာကိုယ်က သိဒ္ဓိကျောက်ကို ထိလိုက်တိုင်း ပူလောင်လာတာကို သူကိုယ်တိုင်ပဲ သိသည်လေ။ ဘယ်လိုကြောင့် ဇီယဲ့ဝမ်က သိနေတာလဲ။ သူကတကယ်ပဲ အရင်မေနန်းဟွား ရွေးချယ်ခဲ့တဲ့သူလား။

System created (Completed)Where stories live. Discover now