💜Part (132)💜

2.6K 303 4
                                    

System created

                      💜132💜

      နာမည်ကြီး စားသောက်ဆိုင် ဟူသည့်အတိုင်း အပြင်အဆင်များက လှပပြီး စားပွဲထိုးပေးတဲ့ မိန်းမပျိုနှင့် ယောကျ်ားပျိုများကလည်း အချောအလှတွေချည်းသာ ဖြစ်သည်။ ကျင်းယောင်းယွမ် ဝင်လာသောအခါ မိန်းကလေးတစ်ယောက်က လှမ်းကြည့်လေ၏။

       သူမသည် သေးသွယ်သော ခါးကို ခါးပတ်ကြီးကြီးဖြင့် ခပ်တင်းတင်း ချည်နှောင်ထားရာ သူမခါးက ပိုလို့ထင်ပေါ်နေသည်။ ကျင်းယောင်းယွမ် အနောက်က လော့ချုံးရွဲကို တွေ့သောအခါ သူမစိတ်လှုပ်ရှားစွာဖြင့် အပြေးကလေး ရောက်လာသည်။

"မင်္ဂလာပါ... သခင်လေးတို့ ဒီဘက်ကို ကြွပါရှင်..."

        ကျင်းယောင်းယွမ်က ခေါင်းညိတ်ပြရင်း ထိုမိန်းကလေး ခေါ်သည့်နောက်ကို လိုက်သွားသည်။ စားသောက်ဆိုင်က ကြီးမားတော့ စားပွဲဝိုင်းတွေကလည်း အပြည့်အလျှံပဲ။ သူတို့သွားနေတုန်း မိန်းကလေးတစ်ယောက်က သူတို့ရှေ့မှာ ဖျတ်ရပ်လိုက်သည်။

"ဒီကသခင်လေးက သမားတော်များလားရှင်"

        ကျင်းယောင်းယွမ် ခြေလှမ်းတွေ ရပ်သွားသည်။ သူက မျက်စိရှေ့က အစိမ်းရောင်ဂါဝန်နဲ့ မိန်းကလေးကိုကြည့်ကာ ခေါင်းတစ်ချက် ညိတ်ပြလိုက်၏။

"ဟုတ်ပါတယ်.... ဒါနဲ့ ကျွန်တော့်ကို ဘယ်လိုများ ခန့်မှန်းမိတာလဲ"
"လွယ်ပါတယ်ရှင်... ရှင့်ဆီကနေ အဆင့်မြင့်ဆေးပင်ရဲ့ အနံ့တွေရတယ်လေ... ဆေးပညာနဲ့ ပတ်သက်ပြီး ခဏလောက် ဆွေးနွေးချင်လို့ အချိန်ပေးနိုင်မလား... ညစာကို ကျွန်မတို့ဝိုင်းမှာ အတူတူစားလို့ရပါတယ်"

       ကျင်းယောင်းယွမ် သူမကိုပြန်မဖြေခင် အနောက်က တစ်ယောက်ကို အရင်လှည့်ကြည့်လိုက်သည်။ လော့ချုံးရွဲ လက်ခံလိုက်တော့မှ သူတို့နှစ်ယောက်လုံး ထိုမိန်းကလေး၏ စားပွဲဝိုင်းဆီသို့ လိုက်လာခဲ့လေသည်။ စားပွဲထိုးမိန်းမလှလေးကလည်း လိုက်လာ၏။

       သူမသည် ကျင်းယောင်းယွမ် နဲ့ လော့ချုံးရွဲတို့ ထိုင်ပြီးတာနဲ့ စာအုပ်လေးတစ်အုပ်ကို ကမ်းသည်။

System created (Completed)Where stories live. Discover now