💜Part (23)💜

5.7K 739 13
                                    

Unicode
System created

                      💜23💜

       သို့သော် သူချက်ချင်းခေါင်းပြန်မတ်လာသည်။ အကြောင်းကတော့ ကျိုက်လဲ့ကျီဟာ သူ့ကိုအနောက်ကနေ သိုင်းဖက်လိုက်လို့ပဲ ဖြစ်သည်။ စောစောက မဆီမဆိုင် ပါးအနမ်းခံရပြီး အခုတော့အဖက်ပါ ခံနေရပြီ။

       မေနန်းဟွား လန့်သွားသည်။ သူကလဲ့ကျီဆီက အနမ်းခံချင်လို့ တမင်လုပ်လိုက်တယ်လို့များ လဲ့ကျီက ထင်သွားပြီလား ဟူသည့်အတွေးက ဝင်ရောက်လာသည့်အခါ သူ့မျက်လုံးများ တည်ငြိမ်မှုမရှိတော့ဘဲ ဘယ်ကြည့်ညာကြည့်နဲ့ လှုပ်ရှားလာ၏။

"လဲ့ကျီ.... ငါ ငါစောစောက "
"ကျွန်တော်နားလည်ပါတယ်... အစီအရင်ကို အမြဲသုံးနေတဲ့ လူတစ်ယောက်က ခန္ဓာကိုယ်ရဲ့တစ်ချို့ အစိတ်အပိုင်းတွေကို ထိလာတတ်တယ်တဲ့... ပြီးတော့ အရှင့်သားက အဆိပ်လည်းမိထားသေးတယ်လေ"

"ငါအဆိပ်ပြေသွားပြီ"
"ဟင်!"

       လဲ့ကျီက တောက်ပရွှင်လန်းသော မျက်ဝန်းတို့ဖြင့် သူ့ကိုခေါင်းစောင်းကြည့်လာသည်။ ခန္ဓာကိုယ်ကို သိမ်းကျုံးဖက်ထားတာကိုတော့ မလွှတ်ပါ။ ခေါင်းကသာ အရှေ့တိုးလာပြီး စောင်းကြည့်နေ၏။

"တကယ်လား...."
"အင်း....."

       သူတို့အနေအထားမှာ လဲ့ကျီကသူ့ကို အနောက်ကနေဖက်ထားရင်းမှ ခေါင်းစောင်းကြည့်နေပြီး မေနန်းဟွားကပါ လှည့်ကြည့်လိုက်သောအခါ သူတို့နှစ်ယောက်၏ အစိတ်အပိုင်းနှစ်ခုဟာ ထိလုနီးပါးဖြစ်သွားသည်။ ကျိုက်လဲ့ကျီ၏မျက်လုံးများ မေနန်းဟွား၏နှုတ်ခမ်းထက် ကျရောက်သွား၏။

       သူ့စိတ်ကို ပြန်ထိန်းရသည်။ အရင်က မေနန်းဟွားသူ့အပေါ် ဒေါသထွက်ခဲ့ဖူးတာတွေကို ပြန်တွေးရင် သူသာရှေ့ဆက်တိုးရင်း ဒီတည်းခိုခန်းကနေ လွင့်ထွက်သွားအောင် ကန်ထုတ်ပစ်နိုင်သည်။ မေနန်းဟွား၏ ဂုဏ်သိက္ခာကိုလည်း လေးစားရမည်။

       လဲ့ကျီသည် မေနန်းဟွားအား ပြုံးပြလိုက်ပြီး

"ကောင်းတာပေါ့.... ဦးထုပ်ကြီးတကားကားနဲ့ အရှင့်သား နေရမခက်တော့ဘူးပေါ့.... ဒါနဲ့ ဖြေဆေးကို ဘယ်အချိန်ကတည်းက ဖော်နေတာလဲ"
"ကြာပါပြီ... အဆိပ်မိပြီးနောက်ပိုင်း ဆေးတစ်မျိုးပြီးတစ်မျိုး စမ်းသပ်ကြည့်ရင်း သိဒ္ဓိဆေးလုံးကို ဖော်စပ်ဖို့စဥ်းစားမိသွားတာ"

System created (Completed)Where stories live. Discover now