💜Part (74)💜

5.2K 652 27
                                    

Unicode
System created

                      💜74💜

       ခဏကြာတော့ သမားတော်စုန်က ဆေးရည်ပန်းကန်တစ်ချပ်နဲ့ ပြန်ရောက်လာသည်။

"ဒါကမင်းရဲ့သွေးကြောတွေ အချိန်အတိုအတွင်း ပြန်ကောင်းလာအောင် လုပ်ပေးနိုင်တယ်.... သောက်လိုက်ပါ"

["လူကြီးမင်းကို ပွိုင့်၂၀၀ ထပ်တိုးပေးလိုက်ပါပြီ.... လူကြီးမင်း၏စုစုပေါင်းပွိုင့် ၁၈၀၀"]

"ကျေးဇူးပါ "
"ကျေးဇူးပါ"

        လီချူးနဲ့ ထျန်းဖူတို့ ပြိုင်တူပြောလိုက်ပြီး ထျန်းဖူးက ဆေးရည်ကို လက်ခံလိုက်သည်။ စုန်ဟုန်းဟိုင်လည်း စားပွဲဝိုင်းတွင် ဝင်ထိုင်လိုက်ကာ။

"ဒီနားမှာ သားရဲမိစ္ဆာတွေ သိပ်မတွေ့ရပါဘူး.... သခင်လေး ဘယ်လိုများ ဒဏ်ရာရလာတာလဲ"

        လီချူးက ဆေးသောက်ပြီးနောက်။

"အဆိပ်မိစ္ဆာပါ.... ကျွန်တော်တို့ အဆိပ်မိစ္ဆာကို လိုက်ဖမ်းရင်း ဒဏ်ရာရလာတာ.... ကျွန်တော်မှမဟုတ်ဘူး ကျွန်တော့်ညီအစ်ကိုတွေလည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားကြတယ်.... ဟုတ်သားပဲ သမားတော်စုန်ရဲ့ ဆေးပညာက အရမ်းကောင်းတော့ ကျွန်တော်ညီအစ်ကိုတွေကို ကယ်ပေးနိုင်မလား"

        သူကဆိုရင်း လက်သီးလက်ဝါးဆုပ်၍ စုန်ဟုန်းဟိုင်အား ဂါဝရပြုလိုက်လေ၏။ စုန်ဟုန်းဟိုင်လည်း အမြန်လှမ်းတာရင်း

"အဲ..... အရိုအသေ ပေးစရာမလိုပါဘူး... သခင်လေးရဲ့ဒဏ်ရာက မသက်သာသေးတော့ ဒီမှာခဏနားလိုက်ပါ.... ဒါနဲ့ သူတို့က ဘယ်မှာလဲ"
"ဒဏ်ရာမရတဲ့ သူတွေက ပြန်ခေါ်သွားကြတယ်.... အခုအချိန်ဆို ဂိုဏ်းကိုရောက်လောက်ပြီ သမားတော်စုန် ကူညီပေးနိုင်မလား"

        စုန်ဟုန်းဟိုင် အရင်ဆုံး လက်ဖက်ရည် လာပေးတဲ့ အားချုံးလေးကို ကြည့်လိုက်သည်။ သူ systemရဲ့ နယ်မြေထဲမှာ ခန္ဓာကိုယ်တည်ဆောက်ပြီး ပြန်ထွက်လာကတည်းက တောင်ခြေတွင်သာ နေထိုင်ခဲ့သည်။

        မြို့ထဲကိုလည်း ဆေးကုသတဲ့ အချိန်တွေသာသွားပြီး ကျန်တွေအချိန်တွေကို သားနဲ့အတူ ဆေးမြစ်တွေနဲ့သာ အချိန်ကုန်ခဲ့သည်။ သားက အပြင်လောကကြီးနဲ့ ယခုထိ မထိတွေ့ရသေးပေ။ သူလူတွေကြားထဲ မသွားချင်တာ သားကနားလည်သည်။

System created (Completed)Where stories live. Discover now