Unicode
System created💜81💜
"ပါ့ပါး....."
"ဟင်"သူအချိန်အကြာကြီး ရပ်နေမိရာ လဲ့ကျီခေါ်သံကိုလည်း မကြား၊ လီချူးခေါ်သံလည်း မကြားတော့ဘဲ နောက်ဆုံး သားငယ်အသံမှသာ ကြားတော့သည်။
လဲ့ကျီက မျက်နှာဖုံးအောက်က သူ့မျက်လုံးတွေကို သေသေချာချာ စိုက်ကြည့်ရန် ဟန်ရေးပြင်နေစဥ် စုန်ဟုန်းဟိုင် မျက်နှာလွှဲလိုက်လေ၏။ လဲ့ကျီ မှတ်သားဥာဏ် အရမ်းကောင်းတာ သူသိသည်။ ခဏလေးနဲ့ သူ့ကိုမှတ်မိသွားနိုင်သည်။
သူမသိလိုက်တာက လဲ့ကျီသည် ဒီထဲကို ဝင်လာကတည်းက သူ့ရဲ့ကိုယ်သင်းနံ့ကို ရနေပြီးပြီ ဆိုတာပင်။
"သမားတော်... အဲ့ဒီဆေးပင်တွေကို ဘယ်မှာရှာရမလဲ သိလား"
လဲ့ကျီက ခပ်တည်တည်ပဲ မေးလိုက်သည်။ စုန်ဟုန်းဟိုင် မလိမ်ချင်ပါ။ အဲ့ဒီဆေးပင်တွေက သူနေတဲ့တောင်ပေါ်မှာ အလေ့ကျပေါက်သော အဖိုးတန် ဆေးပင်များပဲ ဖြစ်သည်။ လဲ့ကျီရဲ့နတ်ဆိုးသွေးက ဘယ်လိုဖြစ်နေပြီလဲ သူသိချင်သေး၏။
"သိပါတယ်.... ဒါပေမယ့် လဲ့အကြီးအကဲရဲ့ သွေးကြောကို အရင်ဆုံးစမ်းသပ်ကြည့်လို့ ရမလား"
"ကောင်းပါပြီ"လဲ့ကျီ လက်ခံတော့ သူလည်း သွေးကြောစမ်းပေးရန်အတွက် ပြန်လှည့်လာလိုက်သည်။ သို့သော် လဲ့ကျီကသူ့ကို လက်ထုတ်မပေးလာပေ။ ထိုအစား သူသည် စုန်ဟုန်းဟိုင်းအနားကို ကပ်သွားပြီး
"သမားတော်စုန်... ကျွန်တော်ရဲ့ရောဂါကို ကျွန်တော်တို့နှစ်ယောက်တည်း သီးသန့်ဆွေးနွေးလို့ရမလား"
စုန်ဟုန်းဟိုင် ဝတ်ရုံလက်ကို တင်းတင်းဆုပ်ထားမိသည်။ အဘယ်ကြောင့်ဆိုသော် တဒိတ်ဒိတ် ခုန်မြန်လာတဲ့ သူ့နှလုံးခုန်သံကို လဲ့ကျီကြားသွားမှာ ကြောက်နေမိတာကြောင့်ပဲ ဖြစ်၏။ သို့ပေမယ့် လဲ့ကျီကဘယ်သူလဲ။
သူချစ်တဲ့သူနဲ့ ပတ်သက်ရင် အင်မတန် ပါးနပ်တဲ့ သူတစ်ယောက်ပဲလေ။ သူသမားတော်စုန်ကို အခန်းထဲ စဝင်လာကတည်းက ကြည့်နေခဲ့တာဖြစ်ပြီး နောက်ကျောက ကြည့်ရင်တောင် သူ့ချစ်သူနဲ့ တူတယ်ဆိုတာ သူခံစားရသည်။
YOU ARE READING
System created (Completed)