💜Part (130)💜

3.7K 347 16
                                    

System created

                      💜130💜

       တိမ်လွှမ်းတောင်ထွတ်ကို စရောက်လာပြီးနောက်ပိုင်းမှာ ချန်းဖျင်းက သူ့ကိုယ်သူ ကျင့်ကြံခြင်းစွမ်းအင်တွေ တိုးတက်လာအောင် အစွမ်းကုန် ကြိုးစားသည်။ ဝီရိယအလွန်ရှိသလို အရမ်းလည်းကြိုးစားတော့ လဲ့ကျီရဲ့အားထားရာ ဖြစ်လာသည်။

        သူ့တွင် လဲ့ကျီပေးထားသော အသံကူးပြောင်း ခေါင်းလောင်းတစ်လုံးရှိ၏။ လော့ချုံးရွဲ ချင်းချုံးရောက်သွားပေမယ့် သူတို့နှစ်ယောက် စကားလှမ်းပြောနိုင်သည်။ ဆိုရရင် တိမ်လွှာရှစ်ဖော်တွင် အသံကူးပြောင်း ခေါင်းလောင်းတစ်လုံးစီရှိ၏။

        ကျင်းယောင်းယွမ် သူဆေးဖော်ရန် လိုအပ်သော ဆေးပင်များကိုယူကာ အဆောင်ဆီ ပြန်လာခဲ့သည်။ လော့ရင်းဝူလေးက ဆေးပင်တွေပိုက်ပြီး အဆောင်ထိ သူ့ကိုလိုက်ပို့သည်။

        အဆောင်ပြန်ရောက်တော့ လော့ချုံးရွဲ ပြန်ရောက်နေပြီဆိုတဲ့ သတင်းကြားလိုက်ရသည်။ သူက တခြားသူတွေလို အပြေးအလွှား သွားတွေ့မယ့်သူမှာ မပါပါ။ ဆေးဖော်ရင်း အေးအေးဆေးဆေး စောင့်နေလည်း အားချုံးက သူ့ကိုလာတွေ့မှာပဲလေ။

        လော့ချုံးရွဲ။ ဆယ်နှစ်လောက် တိမ်လွှမ်းတောင်ထွတ်ကနေ ထွက်ခွာသွားပေမယ့် တိမ်လွှမ်းတောင်ထွတ်က ဘယ်သူ့ကိုမှ မမေ့ချေ။ ချန်းဖျင်းကစလို့ စုရွှယ်အဆုံး ဘယ်သူ့ကိုမှ မမေ့ဘဲ ချင်းချုံးကပါလာတဲ့ လက်ဆောင်တွေကို တစ်ယောက်ချင်း လိုက်ပေးနေသည်။

        ချင်းချုံးကနေ ယူလာတဲ့ မြေခွေးပေါက်စ သေးသေးလေးကို ညီမငယ်အား လက်ဆောင်ပေး၍ စုရွှယ်တို့ မိန်းကလေးများအတွက်က အဖိုးတန် ဆံထိုးများနဲ့ ချန်းဖျင်းတို့အတွက် ကျင့်ကြံခြင်း လမ်းကြောင်းတွင် အထောက်အကူ ပြုမည့် သိဒ္ဓိကျောက်များကို ယူလာပေးလေသည်။

       သူပထမဆုံး လက်ဆောင်ပေးရင်း တွေ့တဲ့သူက သူ့ညီမလေးနဲ့ ပါ့ပါးပင်။ ပါ့ပါးဆီက ကျင်းယောင်းယွမ်တစ်ယောက် တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာပြီဟု ကြားပြီးကတည်းက သွားချင်နေတာ။ သို့သော် သူသာ ကျင်းယောင်းယွမ်ဆီ ရောက်သွားပါက စကားတွေပြောနေတာနဲ့ ကျန်တဲ့သူဆီ ရောက်မှာ မဟုတ်တာကြောင့် ကျင်းယောင်းယွမ်ဆီ နောက်ဆုံးမှသာ ရောက်လာခဲ့၏။

System created (Completed)Where stories live. Discover now