💜Part (13)💜

6.8K 802 19
                                    

Unicode
System created

                       💜13💜

("ငါသိပါတယ် မင်းကာကွယ်ချင်တာ မေနန်းဟွားကိုမဟုတ်လား.... တောင်းပန်ပါတယ် မင်းအခုပြောနေတာကို နားထောင်ပေးနေတာ မေနန်းဟွားတော့ မဟုတ်ဘူး")

"အရှင့်သား...."
"ဟင် ဘာဖြစ်လို့လဲ "

"ကျွန်တော့်ကို အသီးကျွေးအုံးလေ"
"အော် အင်း"

       အသီးစိပ်လေးကို လဲ့ကျီအား ခွံကျွေးလိုက်သည်။ နူးညံ့တဲ့ နှုတ်ခမ်းပါးလေးက သူ့လက်ညှိုးလေးနဲ့ ထိတွေ့သွားစဥ် ခန္ဓာကိုယ်ထဲက ရှိန်းခနဲ ဖြစ်သွားသည်။ ခံစားလိုက်ရတဲ့ ခံစားချက်က မေနန်းဟွားကို ခဏတွေးတောအောင် ဆောင်ကျဥ်းပေးပြန်၏။

       ဒါက အချစ်နဲ့စတင် ထိတွေ့မိသူတိုင်း ဖြစ်သွားတတ်တဲ့ အရာလို့ တစ်စုံတစ်ယောက်က ပြောဖူးတာကို သ​တိရသွားသည်။ သူက လက်ကိုပြန်ရုတ်ကာ အသီးစိပ်တွေကို မိမိပါးစပ်ထဲ တစ်ခုပြီးတစ်ခု ထိုးထည့်နေမိတော့သည်။

("ဘာလဲ... ငါကအပျိုဖြန်းလေးလို အရှက်သည်းနေတာလား သူလည်းယောကျ်ား ငါလည်းယောကျ်ားပဲဟာ ဘာကိစ္စနဲ့ ငါကရှက်နေတာလဲ... ")

        သူတို့ဆက်ပြီးသာ ငြိမ်နေမယ်ဆိုရင်တော့ မေနန်းဟွားပါးပြင်တွေ ခရမ်းချဥ်သီးနဲ့ နင်လာငါလား ဖြစ်တော့မှာကို သိတာကြောင့် သူကစကားလမ်းကြောင်းလွှဲရန် စဥ်းစားကာ စကားစလိုက်၏။

"ငါကြားတာတော့ တိမ်လွှမ်းတောင်ထွတ်က ကျင့်ကြံသူတွေကြောင့် ပြိုကွဲလုနီးပါး ဖြစ်သွားတယ်ဆို"
"ဟုတ်တယ်.... ဒါပေမယ့် ကျွန်တော့်ဘိုးဘေးတွေက အံ့သြစရာကောင်းလောက်အောင် သိဒ္ဓိစွမ်းအင် အားကောင်းကြတယ်လေ... သူတို့က တိမ်လွှမ်းတောင်ထွတ်ကို ဘယ်သူမှရှာမတွေ့နိုင်တဲ့ နေရာကို ပြောင်းလိုက်တယ်"

"ဘယ်လို?....တောင်ကြီးတစ်ခုလုံးကို ရွေ့ပြောင်းလိုက်တာလား"
"ဟုတ်တယ် .... အခုသူတို့ဘယ်မှာလဲ ဘယ်သူမှမသိဘူး "

"လောကီရေးရာ အရှုပ်တွေနဲ့ မပတ်သက်ချင်တော့လို့ပေါ့"
"အွန်း... ဒါပေမယ့် ပဟေဋ္ဌိတွေကတော့ အများကြီးရှိသေးတယ်... ဥပမာ ဘိုးဘေးပိုင်တဲ့ တိမ်ဖြိုဓားပျောက်နေတာရယ်.... ကျွန်တော့်ဘေးတော် လော့လော်က ချင်းချုံးမျိုးဆက် အစစ်အမှန်ဖြစ်နေတာရယ်ပေါ့ "

System created (Completed)Where stories live. Discover now