System created
💜114💜
"မင်း.... မင်းဘာကြားခဲ့တာလဲ"
"ဇီယဲ့ဝမ် ရုပ်ထုတစ်ခု ထွင်းထုနေတဲ့ကိစ္စ"ကျင့်ဖုန်း အသံတိတ် သက်ပျင်းချလိုက်သည်။
"ရုပ်ထုလား?"
"အင်း.... သူက သိဒ္ဓိမိစ္ဆာရဲ့ ဝိညာဥ်ကို ကယ်ထုတ်ပြီးရင် အဲ့ဒီရုပ်ထုထဲ ထည့်သိမ်းဖို့ လုပ်နေတာများလား"ကျင့်ဖုန်းတို့နှစ်ယောက် စားပွဲဝိုင်းနားသို့ ရောက်လာသည်။ ချီစန်း အမောပြေသောက်နိုင်ရန် ကျင့်ဖုန်းက ရေတစ်ခွက် ငှဲ့ပေး၏။ ချီစန်း၏ စောစောကအမေးကို ကျင့်ဖုန်းမှ ဆက်ဖြေသည်။
"ဖြစ်နိုင်တယ်.... သိဒ္ဓိမိစ္ဆာမှာ ဝိညာဥ်သုံးခုရှိတယ် တစ်ခုကိုသူ သုံးလိုက်ပြီမဟုတ်လား...တစ်ခုကို ဒီမှာချုပ်ထားတယ်ဆိုရင် နောက်တစ်ခုက အပြင်လောကမှာ ရှိနေတုန်းဖြစ်မယ်"
"အင်း.... ငါတို့ဒီနေ့ကစပြီး အဲ့ကိစ္စကို စုံစမ်းတော့မှာ""ကိုယ်လည်း ကူညီမယ်"
"မင်းက?"ချီစန်းကိုကြည့်တော့ မျက်လုံးတောက်တောက်လေးနဲ့။
"မင်းကဒီအတိုင်း ငြိမ်ငြိမ်နေပါ.... မင်းငြိမ်နေတာတောင် မိစ္ဆာတွေက မင်းကိုလိုက်ရှာနေတာ မင်းသာထွက်ရင်"
"ကိုယ့်ကိုသုံးပြီး အဲ့ဒီဇီယဲ့ဝမ်ကို မျှားလို့ရတယ်"ကျင့်ဖုန်း ထိုသို့ပြောလိုက်တော့ ချီစန်းရုတ်တရက် တစ်စုံတစ်ယောက် ထိုသို့ပြောခဲ့ဖူးတာကို သတိရသွားသည်။ စုန်ဟုန်းဟိုင်၏ အရင်ဘဝက မေနန်းဟွားပြောခဲ့ဖူးသော စကားပင်။
သူ့ကိုအသုံးချပြီး သိဒ္ဓိမိစ္ဆာကို မျှားခေါ်လို့ရကြောင်း မေနန်းဟွားက လဲ့ကျီကိုပြောခဲ့ဖူးသည်။ တကယ်လည်း မေနန်းဟွားက သူ့ကိုယ်သူ အသုံးချပြီး သိဒ္ဓိမိစ္ဆာကို ဆင့်ခေါ်ခဲ့တာပင်။ နောက်ဆုံးတော့ ဘာလုပ်လိုက်သလဲ?။ သူတို့အားလုံးရှေ့မှာပဲ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတယ်လေ။
'ဒုန်း!'
ချီစန်း စားပွဲကို လက်သီးဆုပ်ဖြင့် ထုလိုက်သည်။
YOU ARE READING
System created (Completed)