Unicode
System created💜18💜
ထမင်းလေးလုတ်လောက် ကုန်တဲ့အထိ မေနန်းဟွားဘက်က ကျိုက်လဲ့ကျီဆီကနှစ်သက်မှုကို ရဖို့အတွက် ဘယ်လိုလုပ်ရမှန်း မသိသေးပါ။ သူအဲ့ဒီလို ငြိမ်နေတာလေးကိုက လဲ့ကျီကို ဘယ်လောက်ထိ ရင်ခုန်စေသလဲ သူမှမသိဘဲကိုး။
ထမင်းစားနေချိန် လှုပ်စိလှုပ်စိဖြင့် အသည်းယားဖို့ ကောင်းလွန်းသော နှုတ်ခမ်းလေးကိုသာ မြင်ရရင် သူအသက်ရှူမဝ ဖြစ်လာနိုင်တာမို့ မကြည့်မိအောင် မနည်းစိတ်ထိန်းနေရတာဖြစ်လေသည်။
ဒါတောင် ဟင်းခွက်လေးတွေပေါ် ပြေးလွှားနေတဲ့ ကျောက်စိမ်းဖြူလက်ချောင်းလေးများကို ခဏခဏ မျက်စိအစာကျွေးမိသေးသည်။ သူငေးနေတုန်း မေနန်းဟွားက ဟင်းဖတ်တစ်ခုကိုညှပ်လျက် သူ့ရှေ့ကိုတိုးလာ၏။
လဲ့ကျီတစ်ယောက် ချက်ချင်းပင် ခေါင်းထောင်ကြည့်မိသွားသည်။ မေနန်းဟွားသည် သူ၏ရွှန်းရွှန်းစားစား မျက်ဝန်းတွေကြောင့် ခဏငြိမ်သွားပြီးမှ တဖြည်းဖြည်း ပြုံးယောင်သမ်းလာသည်။
"ဒီဟင်းရွက်က သိဒ္ဓိစွမ်းအင်ပိုပါဝင်တယ်.... မင်းစားတာမတွေ့လို့ စားကြည့်"
လက်ကလေးက ထပ်တိုးလာပြန်သည်။ ပြုံးယောင်သမ်းရုံသာရှိတဲ့ မေနန်းဟွားရဲ့မျက်ဝန်းတွေက တည်ငြိမ်လွန်းလို့ လဲ့ကျီကိုခွံကျွေးတဲ့အချိန် သူ့ရင်ထဲ ဝုန်းဝုန်းဒိုင်းဒိုင်းဖြစ်နေတာ လဲ့ကျီတစ်ယောက် ဘယ်သိမလဲ။
မေနန်းဟွားက အပြုအမူနဲ့ ဖော်ပြမှာမဟုတ်သလို နှုတ်ကလည်း ဝန်ခံပြောဆိုမည် မဟုတ်ပါ။ သူကအရမ်းရှက်တတ်သည်လေ။ လဲ့ကျီက ခေါင်းတဆက်ဆက်ညိတ်ကာ သူ့လက်ထဲက ဟင်းကိုစားလိုက်သည်။
"အွန်း.... ဟုတ်တယ် စားလို့ကောင်းတယ် "
ကြိုးကြာတောင်မြင့်ဂိုဏ်းက အစားအသောက်တွေထဲမှာ သူမစားဖူးတဲ့ အစားအစာက မရှိသလောက်ပဲ။ ထိုမျှများပြားသော အစားအသောက်များထဲတွင် သူကြိုက်တဲ့ အရာကိုရှာမတွေ့ပေ။ တစ်ခုကမှ သူ့ကိုခံတွင်းမမြိန်စေဘူး။
YOU ARE READING
System created (Completed)