💜Part (146)💜

2.3K 239 3
                                    

System created

                     💜146💜

      ငွေရောင် အစီအရင်စက်ကွင်းသည် လော့ချုံးရွဲ ချင်းချုံးကနေ သင်ကြားလာသော လျှိုဝှက်ကျင့်စဉ်တစ်ခုပဲ ဖြစ်သည်။ အစီအရင်စက်ကွင်းက ပို၍ကြီးမားလာပြီး ပြေးဝင်လာတဲ့ ဧကရာဇ်၏ ဓားနဲ့ ထိပ်တိုက်တွေ့ဆုံလေသည်။

'ဝုန်း....'

        စွမ်းအင်နှစ်ခု ဆုံကာ ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ကမ္ဘာမြေကြီးလည်း တုန်ခါသွား၏။

'ဖြောင်း....'

        နတ်လက်နက် ကျိုးပဲ့သွားပြီ။

"မင်း....."

        အစီအရင်စက်ကွင်းထဲသို့ ဝင်ရောက်သွားသည့် သူ၏နတ်လက်နက်မှာ စွမ်းအားကြီးပေမယ့် လော့ချုံးရွဲလက်ချက်ကြောင့် တဖြောင်းဖြောင်း ကျိုးကြေသွားရ၏။ ထိုအရာက ဤလောကဟာ ချင်းချုံးကို မယှဉ်နိုင်သည့် အချက်ထဲက တစ်ခုဖြစ်လေသည်။

        ဧကရာဇ်က သူရဲ့စကြာတွေကို ထုတ်ယူလိုက်သည်။ ငွေရောင် စက်ကွင်းကြီးက ပိုမိုကြီးမားလာကာ တစ်ခဏအတွင်း ဧကရာဇ်ကို ဖုံးလွှမ်းသွား၏။ သူထုတ်ထားသည့် စကြာတွေဟာလည်း ငွေရောင် အစီအရင်စက်ကွင်းကြောင့် တစ္စစီ ဖျက်စီးခံရပြန်သည်။

'ဗုန်း....'

        ဧကရာဇ်သည် သူ၏စွမ်းအင်တွေကို စုစည်းကာ လော့ချုံးရွဲကို ပစ်သွင်းတိုက်ခိုက်လေတော့သည်။ လော့ချုံးရွဲလည်း လေထုအလယ်တွင် ခုန်ပျံကျော်လွှားရင်း ကောင်းကင်ဖြိုခွင်းဓားကို ဆင့်ခေါ်လိုက်သည်။ ကောင်းကင်ဖြိုခွင်းဓားက သူ့လက်ထဲ၌ လေးကိုင်းတစ်ခုအသွင်း ပြောင်းလဲသွား၏။

        ကြိုးဆွဲလိုက်သည်နှင့် ငွေရောင်အလင်းတွေ ဖြာထွက်နေသည့် မြှားတစ်စင်း ပေါ်ထွက်လာသည်။ ၎င်းသည် လော့ချုံးရွဲ ပစ်လွှတ်လိုက်သည့် ဦးတည်ရာကို အရှိန်အဟုန် ပြင်းပြင်းဖြင့် ပြေးဝင်သွားပြီး ဧကရာဇ်၏ ရင်ဝတွင် ထိုးစိုက်သွားသည်။

"အင့်....."

"ယောကျာ်း...... "

        ဘုရင်မ၏ အသံနက်ကြီးကိုပါ ကြားလိုက်ရသည်။ ဧကရာဇ်က ဘယ်လောက်ပဲ ယုတ်မာပါစေအုံးတော့ သူကသူမရဲ့ ခင်ပွန်းတစ်ယောက်ပဲလေ။ သူမအပေါ် အမြဲသစ္စာရှိခဲ့တဲ့ သူမရဲ့ခင်ပွန်း။

System created (Completed)Tahanan ng mga kuwento. Tumuklas ngayon