💜Part (45)💜

5K 627 9
                                    

Unicode
System created

                       💜45💜

      ကြိုးကြာတောင်ပံဓားပေါ်က မိစ္ဆာအစီအရင်ကို ကျင့်ကြံသူများက တစ်စုပြီးတစ်စု လှမ်း၍ချောင်းကြည့်ကြသည်။ ဓားပေါ်မှ အမည်းရောင်အငွေ့များ ထွက်ပေါ်နေသည်မှာ ငွေရောင်ဓားသွားကိုပင် ဖုံးအုပ်ချေတော့မည်။

       မှန်ပါသည်။ ကြိုးကြာတောင်ပံဓားရဲ့ အစွမ်းကို ကြားခံအနေနဲ့ အသုံးချပြီး မြို့သားတွေကို မိစ္ဆာရုပ်သေးရုပ်တွေအဖြစ် ပြောင်းလဲသွားအောင် ဖြည်းဖြည်းချင်း ပြုလုပ်နေတာပဲ ဖြစ်လေ၏။

        လီချူး၏ ထိုစကားကြောင့် ခဏလေးအတွင်း ကျင့်ကြံသူအချို့သည် ကြိုးကြာတောင်မြင့်ဂိုဏ်းကို မသက်ာသော အကြည့်များဖြင့် ဝန်းရံကြတော့သည်။

"လဲ့ကျီ မင်းတို့ဂိုဏ်းမှာ တကယ်ပဲ သူလျှိုရှိနေတယ်ထင်တယ်နော်... ဂိုဏ်းချုပ်ချီ ကျွန်တော်စောစောက ပြောတာတွေက အမှန်တွေဆိုတာ ကြိုးကြာတောင်ပံဓားကို ကြည့်လိုက်တာနဲ့ သိမယ်ထင်ပါတယ်"

       ဂိုဏ်းချုပ်ချီသည်လည်း ထိုအချက်ကို သတိပြုမိသောကြောင့် ခေါင်းတညိတ်ညိတ်နဲ့ ပြောလာသည်။

"ကျိုးကြောင်းသင့်တယ်...."
"မဖြစ်နိုင်ဘူး!!"

       လဲ့ကျီက ထအော်သည်။

"ဘာသူလျှိုလဲ.... ရှစ်ဖူ သူ့စကားကို ဂရုစိုက်မနေနဲ့ ကျွန်တော်ဂိုဏ်းကလူတွေကို ကျွန်တော်တို့ ယုံကြည်ရမယ် အရင်ဆုံး ကြိုးကြာတောင်ပံဓားကို ပြန်ယူရအောင်"
"အင်း"

        လဲ့ကျီဝင်ပြောတော့မှ မိမိတို့၏ နတ်လက်နက်ကို ပြန်ယူဖို့အတွက် သတိရသွားကာ ဂိုဏ်းချုပ်က လှည့်ထွက်သွားသည်။ ဓားပေါ်က မိစ္ဆာအစီအရင်ကို ဘယ်လိုဖျက်စီးရမလဲ မသိ ဖြစ်နေ၏။

        ဒီနေ့ဒီနေရာမှာ ရေပြာတောင်ဂိုဏ်းက ဂိုဏ်းချုပ်လန်သာရှိနေရင် မိစ္ဆာအစီအရင်အတွက် သူစဥ်းစားနိုင်လိမ့်မည်။ ဂိုဏ်းချုပ်ချီသည် သူ၏လက်ချောင်းတို့ကို ထုတ်၍ သိဒ္ဓိစွမ်းအင်များ ပေါင်းစည်းကာ ဓား၏ဘေးပတ်ပတ်လည်ကို အပေါက်ထောက်လိုက်သည်။

System created (Completed)Where stories live. Discover now