💜Part (139)💜

2.4K 281 9
                                    

System created

                      💜139💜

       သူတို့ပြောမယ့် အကြောင်းအရာက လျှိုဝှက်ထားရမှာ ဖြစ်တဲ့အပြင် သူတို့ကို တစ်စုံတစ်ယောက်က စောင့်ကြည့်မနေပါဘူးလို့ ဘယ်သူက ပြောနိုင်မှာလဲ။ သတိထားတာက ပိုကောင်းတာမို့ လော့ချုံးရွဲ အစီအရင်တည်ကာ သူတို့ဘေးနားတစ်ဝိုက် ကာထားလိုက်သည်။

"ကိုကို....."
"အင်း....."

"ကိုကိုကျွန်တော့်ကို စိတ်ဆိုးနေသေးလား"
"ဘာလို့လဲ?"

"ကျွန်တော် ကိုကို့နှုတ်ခမ်းလေးကို နမ်းလိုက်တယ်လေ"
"မင်း!"

        ကျင်းယောင်းယွမ် နားရွက်တွေ ချက်ချင်းပဲ ရဲတွတ်လာသည်။ သူတို့ပြောမှာက ဟာမို့အင်ပါယာ အကြောင်း မဟုတ်ဘူးလား။ ဘယ်လိုလုပ် နမ်းတဲ့အကြောင်း ရောက်သွားတာလဲ။

"မင်း.... မင်း စုံစမ်းလာတာ အရင်ပြောပြ"

        လော့ချုံးရွဲ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ"

        သူသည် ရုတ်တရက် ကျင်းယောင်းယွမ်ရဲ့ ပေါင်တံပေါ်ကို လှဲချလိုက်လေတော့သည်။ သူငယ်ငယ်ကတည်းက ကျင်းယောင်းယွမ်ပေါင်ပေါ်မှာ မကြာခဏ အိပ်တတ်တာကြောင့် အကြောင်းတစ်ခုခု ပြောမယ်ဆိုရင် ကျင်းယောင်းယွမ်ပေါင်ပေါ် အိပ်ပြီးပြောပြရတာ အကျင့်ဖြစ်နေပြီ။

        ကျင်းယောင်းယွမ်အတွက်ကတော့ ဒါကသူ့အပေါ် အားချုံးလုပ်နေကျ အမူအရာမလို့ နေရထိုင်ရ ခက်ခဲတာတွေတော့ မဖြစ်ပေ။

"ပြောတော့.... မင်းဘာသိလာလဲ"
"ရှောင်သခင်ကြီးနဲ့ ယွင်ချီးသတ်ချင်နေတဲ့ အဲ့ဒီဟန်ဖုန်းဆိုတဲ့လူက ညီအစ်ကိုအရင်းတွေ.... ရှောင်သခင်ကြီးရဲ့ ဇနီးက တကယ် ဟာမို့အင်ပါယာက မင်းသမီးတစ်ပါးပဲ... ဒါပေမယ့် သူမသေသွားတာ ၆နှစ်ကျော်သွားပါပြီ ထူးခြားတာတစ်ခုက အဲ့ဒီမင်းသမီးက ဟာမို့အင်ပါယာကနေ ထွက်လာတဲ့ အချိန်တုန်းက ရတနာတစ်ခုပါလာတယ်"

"ရှောင်မူချောင်ကိုယ်ထဲက ဟာလား"
"အင်း...."

"မင်းဘယ်လိုလုပ် အဲ့လောက်ထိ သိလာတာလဲ"
"ကျွန်တော်ချင်ချုံးကနေ မှတ်ဥာဏ်စုပ်ယူတဲ့ ကျင့်ကြံရေးနည်းလမ်း သင်ခဲ့တယ်လေ... ရှောင်သခင်ကြီးရဲ့ လူယုံဆီကနေ ဒီသတင်းတွေ သိလာတာ"

System created (Completed)Where stories live. Discover now