Unicode
System created💜63💜
မေနန်းဟွား လဲ့ကျီကို အိပ်ဆောင်တွင် ထိုင်စောင့်နေ၏။ လဲ့ကျီပြန်လာရင် သူသေသေချာချာ တောင်းပန်ရမည်။ လဲ့ကျီသူ့ကို ခွင့်လွှတ်ပေးတဲ့အထိ ဒူးထောက်တောင်းပန်ရလည်း တောင်းပန်မည်။
သူလဲ့ကျီကို ချစ်သည်။ လဲ့ကျီအနားကနေ လုံးဝ ထွက်မသွားပေးနိုင်ပါ။ မေနန်းဟွား အခန်းထဲက စားပွဲတွင်ထိုင်လျက် လဲ့ကျီပြန်လာမည့် အချိန်ကို စောင့်နေသည်။ လဲ့ကျီကထွက်မသွားခင် စိတ်အနှောက်အယှက် ဖြစ်သွားတာကြောင့် မိစ္ဆာဖမ်းတဲ့နေရာမှာ စိတ်လေပြီး တစ်ခုခုဖြစ်သွားမှာကိုလည်း စိုးရိမ်မိသည်။
တစ်ဖက်ကကြည့်ရင် လဲ့ကျီက ဘယ်သူမှ မယှဥ်နိုင်တော့တဲ့ သိုင်းနတ်ဘုရား အဆင့်ရောက်နေပြီ။ သို့အတွက် ဤကိစ္စမှာ သူသိပ်တော့ စိတ်ပူစရာမလိုအပ်။ သူတစ်နေ့လုံး ထိုင်စောင့်နေခဲ့ပေမယ့် လဲ့ကျီ ပြန်မရောက်လာသေးချေ။
နောက်ထပ် ထပ်စောင့်သည်။ ညနေစောင်းတဲ့အထိ ထပ်စောင့်သည်။ နောက်ဆုံး နေဝင်သွားတဲ့အထိ လဲ့ကျီ ပြန်မလာသေးတာမို့ သူလိုက်သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
'ကျွီ.....'
တံခါးနှစ်ချပ်ပွင့်ကာ လဲ့ကျီ အခန်းထဲ ဝင်လာသည်။ မေနန်းဟွား ဇတ်ဆိုမတ်တပ်ထရပ်ပြီး
"လဲ့ကျီ မင်းပြန်လာပြီလား"
တစ်နေကုန် မိစ္ဆာဖမ်းခြင်းမှာ စိတ်ရောကိုယ်ပါ နှစ်ပြီး အပင်ပန်းခဲ့တာတောင် လဲ့ကျီပုံစံက လုံးဝပင်ပန်းနေပုံ မပေါ်။
"လဲ့ကျီ....."
"အခန်းခွဲအိပ်ရအောင်.... မင်းအခန်းကို မင်းပြန်အိပ်လိုက်""ဘာကြောင့်လဲ"
"ငါ့စိတ်တွေ မငြိမ်သေးဘူး..... "လဲ့ကျီက သူ့အပေါ်ရုံ ဝတ်ရုံကိုချွတ်ကာ တန်းတစ်ခုပေါ် လှမ်းတင်လိုက်သည်။ သူပြန်လှည့်ကြည့်တော့ မေနန်းဟွားက ထိုနေရာတွင် ရပ်နေဆဲ။
"မင်းကမေနန်းဟွား မဟုတ်ဘူးလေ.... မင်းတစ်ချိန်လုံး ငါ့အနားမှာ မေနန်းဟွားအယောင်ဆောင်ပြီး နေခဲ့တာ ဟုတ်တယ်မလား.... "
YOU ARE READING
System created (Completed)