💜Part (99)💜

3.6K 458 0
                                    

System created

                      💜99💜

        သူတို့သည် သစ်ပင်မရှိဘာမရှိ အဖြူရောင်နှင်းတောထဲတွင် နှင်းလူသားများနှင့် အပြင်းအထန် တိုက်ခိုက်နေရသည်။ စုန်ဟုန်းဟိုင်မှာလည်း လဲ့ကျီတစ်ယောက် နတ်ဆိုးသားရဲသွေး နိုးထလာမှာ စိုးသည့်အတွက် အပြေးတစ်ပိုင်းလေး အရောက်သွားနေ၏။

        အဖြူရောင် ကြိုးစများ ဖြာထွက်ကုန်သည်။ နှင်းလူသားများ၏ ရင်ဝတည့်တည့်ကို ဖောက်ထွက်ပစ်၏။

'ဝုန်း....ဝုန်း....'

        မြည်သံတွေနဲ့အတူ ရင်ဝကို အထိုးခံရသော နှင်းလူသားများ ပြိုကွဲပျက်စီးကုန်သည်။ ဤသည်ကို မြင်ကြသော သူတွေကလည်း နှင်းလူသားတွေရဲ့ အားနည်းချက်ဆိုတာကို သိလိုက်ကာ ရင်ဝကိုသာ အားစိုက်တိုက်ခိုက်ကြသည်။

       နှင်းဝံပုလွေများသည် လျင်လျင်မြန်မြန် ခုန်အုပ်တိုက်ခိုက်ရင်း နှင်းလူသားတွေကို အညှာအတာမဲ့ ကိုက်ဆွဲပစ်သည်။ ထူထဲနေတဲ့ နှင်းတောထဲ တိုက်ပွဲက ပိုမိုပြင်းထန်လာသည်။ နောက်ဆုံးတော့ နှင်းလူသားတွေ ကြားကနေ စုန်ဟုန်းဟိုင်တစ်ယောက် လဲ့ကျီဆီ ရောက်သွားလေပြီ။

       နှင်းလူသား တစ်ကောင်၏ ပုခုံးကို ကန်စောင့်ကာ လဲ့ကျီအား ခုန်အုပ်ကာ နှုတ်ခမ်းဝက ဆေးလုံးကို လဲ့ကျီပါးစပ်ထဲ ထည့်ပေးလိုက်သည်။ ဆေးမတိုက်လို့ကလည်း မဖြစ်ဘူးလေ။ လဲ့ကျီသာ နတ်ဆိုးစိတ်ဝင်လာပါက ဒီနေရာတွင် နှင်းလူသားတွေနဲ့အတူ သေရမှာက ပိုင်သခင်ကြီးတို့ ဖြစ်သွားလိမ့်မည်။

"ဟုန်းအာ.... မင်းလက်!!!"

       စုန်ဟုန်းဟိုင် လက်မောင်းတွင် နှင်းလူသား၏ လက်သည်းရာတစ်ခုကြောင့် သွေးထွက်နေသည်။ ထိုဒဏ်ရာကိုမြင်သော် လဲ့ကျီ၏အကြည့်များက ရေခဲတမျှ အေးစက်လာသည်။

"ငါဘာမှမဖြစ်ဘူး"

        လဲ့ကျီ သူ့စကားကို နားထောင်မှာတဲ့လား။ ချက်ချင်းပဲ ကောချွီကို ပင့်မြှောက်လိုက်ကာ သိဒ္ဓိစွမ်းအင် အမြောက်အများကို ဓားဖျားသို့ စီးဆင်းစေပြီး အရှိန်ပြင်းပြင်း လွှဲရမ်းပစ်တော့သည်။

System created (Completed)Where stories live. Discover now