💜Part (136)💜

2.5K 273 1
                                    

System created

                     💜136💜

        တစ်ဖက်က လဲ့ကျီအသံပင်။ လဲ့ကျီအသံကိုကြားတော့ ကျင်းယောင်းယွမ် ​ခြေဗလာနဲ့ အိပ်ရာပေါ်ကပြေးဆင်းလာသည်။ သူက လောင်ပိုင်အပေါ် ပြေးတက်ပြီး လော့ချုံးရွဲနဲ့ မျက်နှာချင်းဆိုင်တွင် နေလိုက်၏။

{"အားချုံး..... ကျိန်စာစည်းတံဆိပ်က အဆင့်၃ဆင့်ရှိတယ်.... အဆင့်နိမ့်၊ အလယ်အလတ်အဆင့်နဲ့ အဆင့်မြင့်ပဲ"}

        မတိုင်ခင်က ကျင်းယောင်းယွမ်သည် ရွှေသစ်ရွက်များ ပို့ဆောင်ရင်း ကျိန်စာစည်းတံဆိပ် အကြောင်း မေးမြန်းလိုက်တာကြောင့် လဲ့ကျီဘက်က သတင်းပြန်ပို့ခြင်း ဖြစ်ပေသည်။

{"ပထမ အဆင့်နှစ်ဆင့်က မပြင်းထန်ဘူး ဆိုပေမယ့် နောက်ဆုံးအဆင့်ကတော့ ပြင်းထန်တယ်... မင်းတို့အဆင့်မြင့် ကျိန်စာစည်းတံဆိပ်ကို တွေ့ပြီဆိုရင် အဲ့ဒီအရာကို ဖျက်စီးဖို့ သေသေချာချာ လုပ်ရမယ်"}
"ဘာဖြစ်လို့လဲ.... သူက ဘာလဲ"

{"သူက ကျိန်စာစည်းတံဆိပ်ရဲ့ ဗဟိုချက်ပဲ"}

       လဲ့ကျီဘက်က ကျိန်စာစည်းတံဆိပ်နဲ့ ပတ်သက်တဲ့ အကြောင်းကို ရှင်းပြပြီးနောက် အသံကူးပြောင်း ခေါင်းလောင်းကနေ ဆက်သွယ်ခြင်းကို ဖြတ်တောက်သွားသည်။

"ကိုကို.... အဲ့ဒီရှောင်မူချောင်က ကျိန်စာစည်းတံဆိပ်ရဲ့ ဗဟိုချက်များ ဖြစ်နေမလား"
"ငါတို့မနက်ဖြန် ထပ်စမ်းသပ်ကြည့်တာပေါ့"

"အင်း.... ဒါနဲ့လေ ကျွန်တော့်ကို အိပ်ရာပေါ်မှာ မအိပ်ခိုင်းတော့ဘူးလား ဟင်?"
"အာ..... မင်း မင်းငါ့ကိုမထိရင် "

"မထိဘူး... ကျွန်တော်လုံးဝမထိဘူး"
"အဲ့ဒါဆိုလည်း လာအိပ်လေ"

        ကျင်းယောင်းယွမ် လောင်ပိုင်ပေါ်ကဆင်းပြီး အိပ်ရာဆီသို့ ခပ်သွတ်သွတ် လျှောက်သွားသည်။ ပြီးနောက် အိပ်ရာအစွန်ဘက်တိုးကာ ကွေးကွေးကလေး အိပ်သွား၏။ လော့ချုံးရွဲ အိပ်ရာပေါ်တက်လာသည်နှင့် ကျင်းယောင်းယွမ် လက်ချောင်းတွေက အိပ်ရာခင်းကို ခပ်တင်းတင်း ဆုပ်ထားလေတော့သည်။

       ငယ်ငယ်က တစ်ယောက်ပေါ် တစ်ယောက် ထပ်ကာ အိပ်ခဲ့ဖူးသော်လည်း အဲ့ဒီတုန်းက အခြေအနေနဲ့ လက်ရှိအခြေအနေက မတူတော့ပြီ။ လော့ချုံးရွဲက သူ့အပေါ် ငယ်ငယ်ကလို ညီအစ်ကို ခံစားချက် မရှိတော့ဘဲ ချစ်သူခံစားချက် အစားထိုးထားသည်။

System created (Completed)Where stories live. Discover now