💜Part (101)💜

3.6K 456 3
                                    

System created

                       💜101💜

        သူတို့နှစ်ယောက် မျက်နှာချင်းဆိုင် ရပ်နေကြသည်။ စုန်ဟုန်းဟိုင်မှာ ဘယ်လိုဖြေရမှန်းတောင် မသိတော့ပေ။ မဖြေဘဲ ထွက်သွားရင်လည်း တစ်ဖက်လူက လူဆိုးလား လူကောင်းလား မသိရသေးဘဲ မဆီမဆိုင် သံသယဝင်ခံရအုံးမည်။

        ကျင့်ဖုန်းအမေက လျှပ်စီးမြို့တော်က ဆိုရင်တော့ ကျင့်ဖုန်းတိုက်ခိုက်တာကို ရပ်လိုက်တယ် ဆိုတာကလည်း သူ့ရဲ့လျှပ်စီးလက်ဝါးကြောင့်ပဲ ဖြစ်လိမ့်မည်။ စုန်ဟုန်းဟိုင် ထိုအချက်ကို သ​တိပြုမိသည်။ ထို့ကြောင့် မိမိသာ လျှပ်စီးမြို့တော်က မဟုတ်ဘူးဆိုတာ သိပါက ဆက်တိုက်ခိုက်လာမည်ထင်။

       ကျင့်ဖုန်းက ဆက်မေးလာ၏။

"မိသားစုကိစ္စကြောင့် လျှပ်စီးမြို့တော်က ထွက်လာတာလား"
"ဟင်... ဟုတ် ဟုတ်တယ်"

"အဲ့လိုကိုး.... ကျွန်တော့်အမေနဲ့ ကျွန်တော်လည်း ပြဿနာနည်းနည်းဖြစ်ပြီး မြို့တော်ကနေ ထွက်ပြေးလာတာ ဒါနဲ့.... စုန်သခင်လေး စောစောက အားချုံးလို့ ခေါ်လိုက်သံကြားတယ်... "
"အော်.... အားချုံးဆိုတာ ကျွန်တော့်သားပါ"

"အာ...... စုန်သခင်လေးက သားရှိတာကိုး"
"ကျင့်သခင်လေးကကော ဘယ်လိုလုပ် ဒီထဲမှာ တစ်ယောက်တည်း နေနေတာလဲ"

        ကျင့်ဖုန်း ဟိုဘက်သည်ဘက်ကို မျက်လုံးကစားရင်း လျှောက်ကြည့်နေရာမှ စုန်ဟုန်းဟိုင်ဘက်ကို ပြန်လှည့်လာသည်။ သူ့မျက်နှာက စောစောကအတိုင်း ပကတိတည်ငြိမ်ကာ အေးစက်နေဆဲ။

        မျက်နှာက အေးစက်နေပေမယ့် လူသတ်ချင်တဲ့ အငွေ့အသက်တွေတော့ မတွေ့ရတာကြောင့် ကျင့်ဖုန်းက မကောင်းတဲ့လူတော့ မဖြစ်နိုင်ဘူးဟု သူထင်သည်။ သို့သော် ဒီလိုနေရာမှာ ဘယ်သူက အကြာကြီးနေနိုင်မှာလဲ။ ပြီးတော့ ဒီနေရာမှာက ရေခဲမိစ္ဆာလည်း ရှိနေတယ်လေ။

       ကျင့်ဖုန်းက သူမေးတာကို မဖြေဘဲ ပတ်ဝန်းကျင်ကို ဆက်အကဲခတ်နေတာကြောင့် စုန်ဟုန်းဟိုင် မီးတုတ်ကိုင်၍ ထွက်သွားလေသည်။ သူထွက်သွားတော့ ကျင့်ဖုန်းက လိုက်လာ၏။

System created (Completed)Where stories live. Discover now