💜Part (96)💜

4.2K 483 1
                                    

Unicode
System created

                       💜96💜

       စုန်ဟုန်းဟိုင် ဘယ်လို ပြန်ဖြေရမှန်းတောင် မသိတော့ပါ။ ထန်နိုင်ငံမှာတုန်းက သူနဲ့သားလေးကို လက်မခံခဲ့တဲ့ အဖြစ်အပျက်က သူ့ကိုအခုထိ ခြောက်လန့်နေဆဲ ဖြစ်သည်။

        လော့ရှောင်ဖုန်းက မေးလာ၏။

"အစ်ကိုဟိုင်.... အားချုံးဆိုတာ ဘယ်သူလဲ"
"အားချုံးက ငါတို့သား"

"ဟင်"

"ဘယ်လို?"
"သား!"

        ဘုရင်ကြီးနဲ့ ဖွားဖွားကပါ တအံ့တသြနဲ့ မတ်တပ်ထရပ်ကုန်ကြတော့သည်။ လော့ရှောင်ဖုန်းမှာလည်း အလန့်တကြားနဲ့ နောက်ဆုတ်သွားတော့ စုန်ဟုန်းဟိုင်သာမက လဲ့ကျီမှာလည်း မျက်နှာပျက်သွား၏။ ထန်နန်းတော်မှာတုန်းကလို အဖြစ်မျိုး ထပ်မဖြစ်ချင်တော့ပါ။

       ရုတ်တရက်။

"ဟားဟားဟား.... "

       ဘုရင်ကြီးက ထရယ်လာသည်။

"ဟားဟားဟား.... အားရွဲ မင်းကသားတောင် ရနေပြီပေါ့.... သားရှိတာ သားကိုခေါ်ခဲ့ပေါ့ကွာ... ဟားဟားဟား ဘယ်လိုလဲ နာမည်ကဘာတဲ့လဲ"

        ဤတော့မှ သူတို့နှစ်ယောက်မှာ တိုးတိုးတိတ်တိတ် သက်ပျင်းချနိုင်တော့သည်။ လဲ့ကျီက ပြုံး၍။

"လော့ချုံးရွဲပါ ဖိုးဖိုး"

"လော့ချုံးရွဲ.... လော့ချုံးရွဲ.... အင်း နာမည်ကောင်းပဲ ဟုန်းဟိုင်က အားချုံးကို ပြန်တွေ့ချင်နေတာလား"

        စုန်ဟုန်းဟိုင် ခေါင်းအသာညိတ်ပြသည်။ ဘုရင်ကြီးသာမက မင်းသမီးတို့ပါ ရယ်မောခြင်းတို့ ကူးစက်သွားသည်။ လဲ့ကျီတစ်ယောက် ယောကျ်ားလေးကို လက်ထပ်ထားတာကြောင့် ကလေးကတော့ မရနိုင်လောက်တော့ဘူးလို့ ထင်ထားကြတာပဲ။

        ယခုတော့ မျိုးဆက်သစ်လေး တစ်ယောက်တောင် ရှိနေပြီတဲ့လား။ ဒါက လော့မျိုးနွယ်အတွက် ဝမ်းသာစရာ သတင်းတစ်ခုပဲ ဖြစ်လေသည်။

        လဲ့ကျီနဲ့ စုန်ဟုန်းဟိုင် သူတို့အတွက် အသင့်ရှိသော အိပ်ဆောင်ဆီသို့ အတူလျှောက်လာခဲ့သည်။ စုန်ဟုန်းဟိုင် အနေနဲ့ ချင်းချုံးကို ယခုအကြိမ်က ပထမဆုံး ရောက်ဖူးတာဖြစ်သော်လည်း ချင်းချုံးအကြောင်းကို အရင်ဘဝကတည်းက ဖတ်ထားဖူးသူ ဖြစ်သည်။

System created (Completed)Where stories live. Discover now