Unicode
System created💜86💜
"အားချုံး.... လက်ဝါးဖြန့်ပြ"
လဲ့ကျီပြောတော့ အားချုံးက ချက်ချင်းမဆိုင်း လက်ဝါးဖြန့်ပြသည်။ ပြီးမှ
"ခမည်းတော်.... အားချုံး တစ်ခုခုအမှား လုပ်မိလို့လား ခမည်းတော် အားချုံးကို အပြစ်ပေးတော့မှာလားဟင်"
တစ်ယောက်တည်း လျှောက်တွေးပြီး စိုးရိမ်နေသော သားငယ်၏နဖူးကို အာဘွားပေးလိုက်သည်။ ဤတော့မှ စိတ်ချမ်းသာသွားသော အားချုံးက ပြုံးရယ်လာ၏။
"ခမည်းတော် အားချုံးလက်က ဘာဖြစ်လို့လဲ "
"အားချုံးလေးက အရွယ်နဲ့မလိုက်အောင် အရမ်းတော်တော့ ခမည်းတော် စမ်းသပ်ချင်လို့""ဘာစမ်းသပ်မှာလဲ"
လဲ့ကျီသည် ဖြန့်ထားသည့် လက်ဖဝါးသေးသေးလေး၏ အောက်ကို သူ့လက်ဝါးနှစ်ဖက်ဖြင့် ထိကပ်ထားလိုက်သည်။ အားချုံးလက်က အပေါ်တွင် ဖြန့်ထားသလို ဖြစ်နေကာ လဲ့ကျီက အောက်မှထိုလက်ကလေးကို ပင့်ကိုင်ထားသည့် သဏ္ဍာန်နဲ့ တူသည်။
ထိုစဥ် စုန်ဟုန်းဟိုင် ရောက်လာကာ။
"လဲ့ကျီ မင်းဘာလုပ်နေတာလဲ"
"အားချုံးမှာ ကိုးရောင်ချုပ်အစီအရင်ကို လေ့ကျင့်နိုင်မယ့် အစွမ်းပါမပါ စစ်ဆေးမလို့လေ အချစ်ရဲ့"နောက်ဆုံးစကားလေးက စုန်ဟုန်းဟိုင်နှလုံးသားကို ကျင်ခနဲ ခံစားသွားရစေကာ အရင်လိုပဲ နားရွက်ကလေးတွေ ရဲလာသည်။ စုန်ဟုန်းဟိုင် ဝါးရိပ်အောက်က စားပွဲဘေးတွင် နေရာယူလိုက်၏။
သူ့မျက်လုံးတို့က သားအဖနှစ်ယောက် လက်တို့ထပ်ထားသည့် နေရာသို့ ရောက်နေသည်။ လဲ့ကျီက လက်ဖဝါးနှစ်ဖက်မှ ကိုးရောင်ချုပ်အစီအရင်၏ ကြိုးမျှင်လေးများကို ထုတ်လွှတ်လိုက်သည်။ အရောင်ကိုးရောင်ရှိသော ကြိုးမျှင်လေးတွေကို မြင်တော့ အားချုံး မျက်လုံးလေးတွေ တောက်သွား၏။
အစိမ်းရောင်ကြိုးလေးကို သူမှတ်မိသည်။ သူနဲ့လဲ့ကျီ စတွေ့တုန်းက ရေကန်တစ်ကန်မှာ ငါးဖမ်းကြစဥ်က လဲ့ကျီထိုကြိုးကို အသုံးပြုခဲ့သည်လေ။
YOU ARE READING
System created (Completed)