Unicode
System created💜15💜
"ကြည့်အုံး.... ဘာလို့မျက်ရည်က ကျနေတာလဲ"
မေနန်းဟွားသည် ကလေးလိုပဲ ဝမ်းနည်းလွယ်သော လဲ့ကျီကို မျက်ရည်များ သုတ်ပေးရင်းက ဆိုလေသည်။ အဲ့ဒါတွေက သူဟန်ဆောင်နေတယ်ဆိုတာ တစ်ယောက်သော မေနန်းဟွားက ဘယ်သိပါ့မလဲ။
ကြင်ကြင်နာနာနဲ့ မျက်ရည်တွေတောင် သုတ်ပေးနေသေးတယ်လေ။ ခဏကြာတော့ မနက်စာစားရန် ခေါင်းလောင်းတီးသံ ကြားလိုက်ရသည်။ လဲ့ကျီပေးတဲ့ နောက်ထပ်လက်ဆောင်တစ်ခုကို မေနန်းဟွား ထပ်ယူလိုက်ရပြန်၏။
အတွင်းစည်းတပည့်များအတွက် မနက်စာကို အသင့်ပြင်ထားပေးသည့် ထမင်းစားဆောင်ကို သူတို့နှစ်ယောက် အတူချီတက်ခဲ့သည်။ ထမင်းစားဆောင်ထဲ ဝင်ဝင်ချင်းပဲ ချီစန်းနဲ့ ထိပ်တိုက်တိုးပြန်လေသည်။
"နန်းဟွား....."
"ချီသခင်လေး.....""မဟုတ်တာ.... အဲ့လောက်အားနာစရာ မလိုပါဘူး နန်းဟွားအတွက် မနက်စာကို ကျွန်တော့်ဘက်မှာ ပြင်ဆင်ပေးထားတယ် လာပါ.... ကျွန်တော်နဲ့အတူ ထိုင်ရအောင်"
"အဲ့တာက....""အဲ့တာတွေ ဟိုဟာတွေ... လုပ်မနေပါနဲ့ လာပါ"
သည်းခံနိုင်စွမ်း အလွန်နည်းပါးသော လဲ့ကျီသည် မေနန်းဟွားကို လူကြားထဲလည်းမရှောင် ပိုးပန်းချင်နေသော ချီစန်းကိုတွန်းထုတ်ပစ်ကာ သူတို့ကြားထဲကနေ ထွက်သွားလေ၏။ ချီစန်းတစ်ယောက် မျက်လုံးပြူးပြူးလေးဖြင့် ရန်တွေ့မည်အပြင်။
"အားနာလိုက်တာ.... သခင်လေး "
ချီစန်းမှာ ဒေါသထွက်ချင်သော်လည်း မေနန်းဟွား ရှိနေသည့်အခါ သူ့စိတ်ကိုပြန်ထိန်း၍
"ဟွန့်.... နန်းဟွား တောင်းပန်နေစရာ မလို့ပါဘူး... အဲ့ဒီကောင်က ငယ်ငယ်လေးကတည်းက အရမ်းရိုင်းတာ ဦးလေးရဲ့မှုတ်ဆိတ်မွှေးဆိုလည်း သူညှပ်ပစ်တာလေ... တော်တော်ဆိုးတဲ့ကောင်"
"အာ.....""လာပါ..... ကျွန်တော်နဲ့အတူ လိုက်ခဲ့"
ချီစန်းက မေနန်းဟွားလက်ကိုဆွဲလိုက်ကာ သူနဲ့အတူ မနက်စာစားရန်အတွက် ခေါ်သွားသည်။ ထမင်းစားဆောင်သည် အင်မတန်ကြီးသော နန်းဆောင်ကြီးဖြစ်ပြီး ဝင်ပေါက်တွေလည်း အမြောက်အများရှိ၏။ တစ်ဖက်မှာတော့ လဲ့ကျီက နှစ်ယောက်စာအတွက် ထမင်းမှာနေပြီ ဖြစ်သည်။
YOU ARE READING
System created (Completed)