💜Part (66)💜

4.9K 585 15
                                    

Unicode
System created

                      💜66💜

        မေနန်းဟွားက လျှပ်စီးလက်ဝါးဖြင့် ပြေးလာသမျှသော ဖုတ်ကောင်များကို ဖယ်ရှားသည်။ မြို့၏ နေရာအနှံ့ကနေ ထွက်ထွက်လာတဲ့ ဖုတ်ကောင်တွေထဲတွင် အချို့က မိစ္ဆာစွမ်းအင်တွေနဲ့ အားကောင်းကြတဲ့ သူတွေတောင် ပါသေး၏။

       သို့သော် သူတို့လောက်က လဲ့ကျီအတွက် လက်ညှိုးတစ်ချောင်း လှုပ်စာလောက်သာ ရှိသည်။ လဲ့ကျီက အရှေ့ထွက်၍ လက်ဝါးတစ်ချက်သာ ရမ်းလိုက်သည် ပြေးလာသမျှသော မိစ္ဆာတွေအားလုံး အရုပ်ကလေးများ လေပေါ်ကန်ထုတ်ခံလိုက်ရသလို လွင့်ကုန်ကြသည်။

        လဲ့ကျီအစွမ်းကို မြင်လိုက်ရသူအားလုံး ပါးစပ်အဟောင်းသားဖြင့် ဆွံအကုန်တော့၏။ ကြိုးကြာတောင်မြင့်ဂိုဏ်းမှာ လဲ့ကျီရှိနေသရွေ့ ဘယ်သူမှ ထိုဂိုဏ်းကို ပြဿနာရှာရဲတော့မှာ မဟုတ်တဲ့အကြောင်းလည်း ကိုယ်စီကိုယ်စီ အတွေးတွေဝင်လာကြသည်။

        လဲ့ကျီ မျက်လုံးဝှေ့ကာ မေနန်းဟွားကို ရှာကြည့်လိုက်သော်။

"မင်းအဲ့မှာ ဘာလုပ်နေတာလဲ"

        လဲ့ကျီအော်လိုက်တော့ ကျန်သောသူတွေဟာလည်း လဲ့ကျီကြည့်နေသည့်ဘက်ကို လိုက်ကြည့်ကြသည်။ သွေးအလိမ့်လိမ့် လူသေကောင်များကြားတွင် အဖြူရောင်ဝတ်ရုံနဲ့ မေနန်းဟွားက ငုတ်တုတ်ထိုင်နေ၏။

       လဲ့ကျီ ထပ်အော်မည်အပြင် လီချူးက မေနန်းဟွားဆီ ပြေးသွားလေသည်။

"နန်းဟွား.... မင်း ဘာလုပ်နေတာလဲ"
"သူ့ကိုကယ်လို့ ရသေးတယ်"

       လီချူးက ဒူးတစ်ဖက်ကွေးကာ သူ့ဘေးတွင် အဖော်ပြုထိုင်ပေး၏။ မေနန်းဟွား ယခုသုံးနေတဲ့ စွမ်းအင်က အစိမ်းနုရောင် ကုသရေးစွမ်းအင်တွေဖြစ်ပြီး မေနန်းဟွားက လက်ညှိုးလက်ခလယ် ထုတ်ကာ မြေပြင်တွင် လဲလျောင်းနေသော ကိုယ်ဝန်သည်တစ်ယောက်ကို ကုသပေးနေသည်။

        အစိမ်းနုရောင် သိဒ္ဓိစွမ်းအင်တွေ ဖြာထွက်လာသော် ဖုန်းရွေ့နဲ့ လဲ့ကျီလည်း ဖုတ်ကောင်များကို ရှေ့ဆုံးကနေ တိုက်ခိုက်နေသည့် နေရာမှ မေနန်းဟွားဆီသို့ ပြေးလာကြသည့်အခါ ကိုယ်ဝန်သည်တစ်ယောက်ကို ကယ်တင်နေသူအား တွေ့ရ၏။

System created (Completed)Where stories live. Discover now