Unicode
System created💜51💜
သိဒ္ဓိမိစ္ဆာက မေနန်းဟွား၏ ညာဘက်ပါးကို သေချာစိုက်ကြည့်၍ ခဏကြာတော့ တကယ်အံ့သြသွားဟန်ဖြင့် ပြုံးလာသည်။ ပြီးနောက် သက်ပျင်းတစ်ချက် ချလေ၏။ မေနန်းဟွားမှာ ထိုလူ ဘာကြောင့်သက်ပျင်းချသလဲ နားမလည်နိုင်ဘဲ ဖြစ်နေသည်။
မေနန်းဟွားက ဆိုလိုက်၏။
"မင်းဒီခန္ဓာကိုယ်ကို ပြန်လိုချင်တယ်ဆိုတာ ဒီခန္ဓာကိုယ်မှာ ကျန်နေခဲ့တဲ့ သိဒ္ဓိစွမ်းအင်တွေကို ပြန်ယူဖို့အတွက် မဟုတ်လား"
"အဟမ်း မင်းကပါးနပ်သားပဲ.... မင်းနာမည် ဘယ်လိုခေါ်လဲ "မေနန်းဟွားက သိဒ္ဓိမိစ္ဆာကို မျက်လွှာလှန်ကြည့်လိုက်သည်။ သူကဘာလို့ သူ့နာမည်ကို ပြောပြရမှာလဲဟူသော အဓိပ္ပာယ်ပါမျက်လုံးဖြင့် ကြည့်တာဖြစ်၏။ သိဒ္ဓိမိစ္ဆာကလည်း ထိုသဘောကို နားလည်ပုံပင်။
"ကောင်းပါပြီ.... ငါလည်းအခုချက်ချင်းကြီး ဒီခန္ဓာကိုယ်ကြီးကို ပြန်မယူသေးပါဘူး မင်းမှာအချိန်ရှိသေးတယ်.... ပြီးတော့ ငါကအသည်းနှလုံးမရှိတဲ့လူ မဟုတ်ဘူးလေ"
("မျက်နှာပြောင်လိုက်တာ")
မေနန်းဟွား စိတ်ထဲကနေသာ တွေးလိုက်ပါ၏။ အပြင်မှာတော့ သိဒ္ဓိမိစ္ဆာပြောသမျှကို ငြိမ်ငြိမ်လေး နားထောင်နေသည်။
"မင်းငါ့လိုပဲ နောက်ထပ်ခန္ဓာတစ်ခုကို ရယူဖို့အတွက် အချိန်ပေးမယ် ဘယ်လိုလဲ"
"နောက်ထပ်ခန္ဓာ?""ဟုတ်တယ်လေ... မင်းမသိဘူးလား နှစ်သိန်းချီသိဒ္ဓိကျောက်တွေက ဆင့်ပွားစွမ်းအင်တွေနဲ့ နောက်ထပ်ခန္ဓာတစ်ခုကို တည်ဆောက်လို့ရတယ်... ဒါပေမယ့် အချိန်တော့လိုတာပေါ့ မင်းရဲ့လက်ရှိစွမ်းအားနဲ့ဆိုရင် ၂နှစ်လောက်တော့ ကြာလိမ့်မယ်"
"ငါသိပြီ ကျေးဇူးတင်ပါတယ်.... ""ကျေးဇူးတင်မစောနဲ့"
သိဒ္ဓိမိစ္ဆာက လက်ကာပြပြီး ပုလ္လင်ပေါ်တက်သွားသည်။
"မင်းကငါ့အကြောင်း သိသွားပြီဆိုတော့ မင်းပြန်သွားရင် ဒီကိစ္စကိုသတင်းမဖြန့်ရင် ကောင်းမယ် မဟုတ်ရင် ငါမင်းကိုလုံးဝ အရှင်မထားဘူး..."
"ငါသာမင်းအကြောင်းကို ဖွလိုက်ရင် ငါကမေနန်းဟွား အစစ်မဟုတ်ဘူးဆိုတာလည်း ပေါ်သွားနိုင်တယ်လေ.... ငါကဘာကိစ္စနဲ့ ပြောရမှာလဲ"
YOU ARE READING
System created (Completed)