💜Part (7)💜

7.6K 884 6
                                    

Unicode
System created

                      💜7💜

       သူရေချိုးဆောင်ထဲက ထွက်လာတဲ့အထိ မေနန်းဟွားက ထိုစာအုပ်ကို ဖတ်နေဆဲပင်။ မေနန်းဟွား ပြုံးစိစိနဲ့ ဖတ်နေတော့ သူလည်းအပေါက်ဝကနေ ရပ်ကြည့်နေမိသည်။ သူ့ခြေထောက်တွေ ကျိုးကြေမတတ် အရိုက်ခံရတဲ့နေရာ နေရာရောက်တော့ မေနန်းဟွား ရယ်နေတာ ရပ်သွားသည်။

       ရပ်ကြည့်နေတဲ့ ကျိုက်လဲ့ကျီလည်း စိုးထိတ်သွားကာ

"အရှင့်သား..... ဘာဖြစ်လို့လဲ "

       သူက အမြန်ပြေး၍ စာအုပ်ကိုယူကြည့်လိုက်သည်။ သူ့အပြစ်ပေးခံရသော အခန်းကို သေသေချာချာ ကွင်းကွင်းကွက်ကွက် ရေးပြထားတာပင်။ ကျိုက်လဲ့ကျီ မျက်ခုံးတို့ကို တွန့်ချိုးပစ်ကာ

"ဘာလဲဟ.... ဒါဘယ်သူရေးတာလဲ ဘယ်သူက ခြေထောက်ကျိုးတာလဲ ခြေထောက်သာကျိုးရင် ငါအခုအချိန် အိပ်ရာထဲမှာပေါ့.... စာရေးဆရာက လျှောက်ရေးထားတာ အရှင့်သား မဖတ်တော့နဲ့"

       ကျိုက်လဲ့ကျီက စာအုပ်ကို ဘေးသို့ပစ်ချလိုက်သည်။ သူကစာရေးဆရာကို မကျေနပ်တော့တာနဲ့ ခါးထောက်ပြီး မျက်နှာဘေးလွှဲချလိုက်တော့ မေနန်းဟွားက သူ့ကိုမော့ကြည့်နေကြောင်း တွေ့ရ၏။

"အရှင့်သား.... ဘာဖြစ်လို့လဲ "
"မင်းရဲ့သွေးကြောကို ငါကူဖွင့်ပေးမယ်"

"ဟင်....."
"ငါ့မှာ ဆေးရှိတယ်.... အဲ့တာက မင်းရဲ့အဆိပ်ကို ထိန်းထားပေးနိုင်တယ် စိတ်မပူနဲ့.... "

       ကျိုက်လဲ့ကျီ မျက်ဝန်းတို့ ဝိုင်းစက်သွား၏။ သူသည် ခါးထောက်ထားရာမှ တဖြည်းဖြည်းနဲ့ အောက်ကိုလျှောချသွားပြီး မေနန်းဟွားကို လှည့်ကြည့်လာချေသည်။ သူစိတ်ထင်နေတာ မဟုတ်ပါ။ မေနန်းဟွားက စကားပြောတဲ့လေသံကအစ ပြောင်းလဲသွားတာ သူအခုမှ သတိထားမိသည်။

       ကျိုက်လဲ့ကျီ၏ မျက်လုံးတွေကိုမြင်တော့ ဘာတွေဖြစ်နေသလဲ ချက်ချင်းရိပ်မိကာ

"အဟမ်း.... ငါအရင်က ဗွေရှုပ်တယ်ဆိုတာ နန်းတော်အရေးကိစ္စတွေနဲ့ ကင်းကင်းနေချင်လို့ပါ"
"အဲ့လိုလား"

       ကျိုက်လဲ့ကျီက ဇတ်ဆိုသူရှေ့မှာ ထိုင်ချပြီး သူ့ကိုမော့ကြည့်လျက်။

System created (Completed)Where stories live. Discover now